Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လစ်ဗျား ဆိပ်ကမ်းမှာ ရုရှား စစ်သင်္ဘောကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ကြောင်း ယူကရိန်း သမ္မတပြော

လစ်ဗျားနိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ ရုရှားစစ်သင်္ဘောကို ယူကရိန်း ဒရုန်းတွေနဲ့ တိုက်ခိုက် နှစ်မြှုပ်ခဲ့ကြောင်း ယူကရိန်း သမ္မတက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

လစ်ဗျားနိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ ရုရှားစစ်သင်္ဘောကို ယူကရိန်း ဒရုန်းတွေနဲ့ တိုက်ခိုက် နှစ်မြှုပ်ခဲ့ကြောင်း ယူကရိန်း သမ္မတက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက်အစောပိုင်းတုန်းက ဘန်ဂါဇီ ရေတပ်စခန်းက ဆိပ်ကမ်းမှာ ဆီနဲ့ ရိက္ခာတွေ ဖြည့်တင်းဖို့ ကမ်းကပ်ထားတဲ့ ရုရှားစစ်သင်္ဘောပေါ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တယ်လို့ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ အစိုးရ အဖွဲ့က ပြောပါတယ်။

လစ်ဗျားမှာ စင်ပြိုင်အစိုးရနှစ်ရပ် အုပ်ချုပ်နေပြီး နိုင်ငံ အရှေ့ပိုင်း နယ်မြေတွေကို ခါလီဖာ ဟက်ဖ်တာ ဦးဆောင်တဲ့ အစိုးရက ထိန်းချုပ်ထားပြီး ဘန်ဂါဇီမှာ အခြေစိုက်ပါတယ်။ အနောက်ဖက်ခြမ်းကိုတော့ မြို့တော် ထရီပိုလီမှာ အခြေစိုက်ပြီး ဝန်ကြီးချုပ် အက်ဘ်ဒူလ် ဟာမစ် ဒဘိုင်ဘာ ဦးဆောင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (GNU)က အုပ်ချုပ်ပါတယ်။

ဘန်ဂါဇီ အခြေစိုက် အစိုးရက ရုရှား စစ်သင်္ဘောဟာ နေရပ်နိုင်ငံဆီ ပြန်မသွားခင် ဆီနဲ့ ရိက္ခာတွေ ဖြည့်တင်းနေတုန်း ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ဇီလန်စကီးက အဲဒီစစ်ရေယာဉ်ကို ယူကရိန်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ရုရှား စစ်သင်္ဘော နစ်မြုပ်ခဲ့ကြောင်း၊ ယူကရိန်းဟာ ရုရှားစစ်တပ်အတွက် လက်နက်တွေ သယ်ဆောင်ပေးတဲ့ အရပ်ဖက် ကုန်တင်သင်္ဘော တစ်စီးကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ရုရှားကတော့ ယူကရိန်းရဲ့ နယ်ကျော်တဲ့ တိုက်ခိုက်မှုတွေဟာ ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်လာစေနိုင်ကြောင်း သတိပေးခဲ့ပေမယ့် လစ်ဗျားက ဖြစ်စဉ်တွေအကြောင်းကိုတော့ တိတိကျကျ ဘာမှ မပြောခဲ့ပါဘူး။

ဇီလန်စကီးက သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီတိုက်ခိုက်မှုတွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲအတွက် ယူကရိန်းဖက်က နမူနာ အနေနဲ့ လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီစစ်ဆင်ရေးမှာ ရုရှားရဲ့ Merkury အပေါ့စား တိုက်သင်္ဘောကို ယူကရိန်းက ပင်လယ်ပြင်သွား ဒရုန်း ၇ စီး အသုံးပြုပြီး တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် စစ်သင်္ဘောပေါ်မှာ ရပ်နားထားတဲ့ Ka-27 ရဟတ်ယာဉ်ပါ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ Merkuryဟာ ရုရှားရေတပ်ရဲ့ အသစ်လွင်ဆုံး စစ်သင်္ဘော တစ်စီးဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးထားပါတယ်။ ရုရှားဟာ အဲဒီသင်္ဘောကို ၂၀၂၃ ခုနှစ်ကမှ တပ်တော်ဝင်စေခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးရဲ့ အဆိုအရ ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့ ဒုတိယမြောက် စစ်သင်္ဘော MV Angaraဆိုတဲ့ ကွန်တိန်နာတင် သင်္ဘောတစ်စီးလို့ သိရပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်ကလည်း ဖင်လန်ပင်လယ်ကွေ့နားမှာ ရုရှားရဲ့ ကုန်တင် သင်္ဘောတစ်စီးဖြစ်တဲ့ Sparta IIဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် မီးလောင်ပျက်စီးမှုတွေနဲ့ ကြုံခဲ့ပါတယ်။ ဖင်လန် အစိုးရက အဲဒီတိုက်ခိုက်မှုဟာ ယူကရိန်းရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပေမယ့် ယူကရိန်းကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook