Connect with us

Hi, what are you looking for?

News

ဇဝနEPC ရုံးကို ​ဖောက်ခွဲတိုက်ခိုက်၊ စစ်​ကောင်စီတပ်သားတစ်ဦး​သေဆုံးနိုင်ဟု MDF-Yangon ထုတ်ပြန်

ယခုပြုလုပ်ခဲ့သော စစ်ဆင်ရေးကို မဟာမိတ်ညီနောင်များပံ့ပို့ကူညီမှုနှင့်အတူ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေး တစိတ်တစ်ပိုင်းအဖြစ် MDF- Yangon ကဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဇဝနရှိ မြို့နယ်လျပ်စစ်မန်​နေဂျာရုံး(EPC)အား ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားတစ်ဦး ထိခိုက်သေဆုံးနိုင်ကြောင်း Myanmar Defense Force – Yangon က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂ရက်) နံနက် ၇နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေး ​ထောက်တိုင်ဖြစ်သော ဇဝန EPC ရုံး ပေါက်ကွဲမှုတွင် အခြားသောပျက်စီးမှုများလည်းရှိနိုင်ကြောင်း MDF -Yangon က ဆိုသည်။

“မနက်က ၈ နာရီလောက်မှာ Faw ကားတစ်စီးရယ် မီးတန်းကားရယ် ပြီးတော့ အိမ်စီးကားတစ်စီးနဲ့ စစ်ခွေးတွေရောက်လာတယ်။ပြီးတော့ ဗုံးစတွေလား ဘာတွေလဲတော့မသိဘူး။အစိတ်အပိုင်းတွေ ကောက်သွားတာတော့တွေ့တယ်။အခုလဲ စစ်ခွေးတွေ နည်းနည်းရှိနေသေးတယ်”ဟု သဃ်န်းကျွန်းမြို့ခံ တစ်ဦးက ပြောသည်။

​ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်သော လှုပ်ရှားမှုများကို သဃ်န်းကျွန်းမြို့နယ်အတွင်း နေရာ၂ခု တစ်ချိန်ထဲပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း အခြားသော နေရာတစ်ခုတွင် သတ်မှတ်ထားသော မိုင်းပါဝင်သော အထုတ်အား အမှိုက်ကောက်သမားတစ်ဦးမှ ကောက်ယူသွား၍ အပြစ်မဲ့ ပြည်သူများ မထိခိုက်စေလိုသောကြောင့် ဖျက်သိမ်းခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိနှင့် မသက်ဆိုင်သည့် အရာများကို စူးစမ်းခြင်းမပြုလုပ်ရန် MDF -Yangon က မေတ္တာရပ်ခံသည်။

ယခုပြုလုပ်ခဲ့သော စစ်ဆင်ရေးကို မဟာမိတ်ညီနောင်များပံ့ပို့ကူညီမှုနှင့်အတူ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေး တစိတ်တစ်ပိုင်းအဖြစ် MDF- Yangon ကဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယခုဖောက်ခွဲမှုသည့် အကြမ်းဖက်စေခိုင်းမှုကြောင့် မီတာလာဆောင်သော ပြည်သူများ ထိခိုက်မှုကို ရှောင်ကျဉ်လိုသောကြောင့် အများပြည်သူ ရုံးပိတ်ရက်အား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နောက် အကြိမ်များတွင် အကြမ်းဖက်စစ်ကောင်စီအား ဝင်ငွေရှာဖွေပေးနေသော ဝန်ထမ်းများနှင့် ကျည်ဆံဖိုး အခွန်ဆောင်နေသော ပြည်သူများ ထိခိုက်မှုနှင့် အသက်အန္တရာယ်ကို လုံးဝအာမခံမည် မဟုတ်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook