ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဇဝနရှိ မြို့နယ်လျပ်စစ်မန်နေဂျာရုံး(EPC)အား ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားတစ်ဦး ထိခိုက်သေဆုံးနိုင်ကြောင်း Myanmar Defense Force – Yangon က ထုတ်ပြန်သည်။
ယနေ့(ဇန်နဝါရီ ၂ရက်) နံနက် ၇နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင်ဖြစ်သော ဇဝန EPC ရုံး ပေါက်ကွဲမှုတွင် အခြားသောပျက်စီးမှုများလည်းရှိနိုင်ကြောင်း MDF -Yangon က ဆိုသည်။

“မနက်က ၈ နာရီလောက်မှာ Faw ကားတစ်စီးရယ် မီးတန်းကားရယ် ပြီးတော့ အိမ်စီးကားတစ်စီးနဲ့ စစ်ခွေးတွေရောက်လာတယ်။ပြီးတော့ ဗုံးစတွေလား ဘာတွေလဲတော့မသိဘူး။အစိတ်အပိုင်းတွေ ကောက်သွားတာတော့တွေ့တယ်။အခုလဲ စစ်ခွေးတွေ နည်းနည်းရှိနေသေးတယ်”ဟု သဃ်န်းကျွန်းမြို့ခံ တစ်ဦးက ပြောသည်။
ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်သော လှုပ်ရှားမှုများကို သဃ်န်းကျွန်းမြို့နယ်အတွင်း နေရာ၂ခု တစ်ချိန်ထဲပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း အခြားသော နေရာတစ်ခုတွင် သတ်မှတ်ထားသော မိုင်းပါဝင်သော အထုတ်အား အမှိုက်ကောက်သမားတစ်ဦးမှ ကောက်ယူသွား၍ အပြစ်မဲ့ ပြည်သူများ မထိခိုက်စေလိုသောကြောင့် ဖျက်သိမ်းခဲ့ရသည်။

Public Service Announcement
ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိနှင့် မသက်ဆိုင်သည့် အရာများကို စူးစမ်းခြင်းမပြုလုပ်ရန် MDF -Yangon က မေတ္တာရပ်ခံသည်။
ယခုပြုလုပ်ခဲ့သော စစ်ဆင်ရေးကို မဟာမိတ်ညီနောင်များပံ့ပို့ကူညီမှုနှင့်အတူ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေး တစိတ်တစ်ပိုင်းအဖြစ် MDF- Yangon ကဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုဖောက်ခွဲမှုသည့် အကြမ်းဖက်စေခိုင်းမှုကြောင့် မီတာလာဆောင်သော ပြည်သူများ ထိခိုက်မှုကို ရှောင်ကျဉ်လိုသောကြောင့် အများပြည်သူ ရုံးပိတ်ရက်အား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နောက် အကြိမ်များတွင် အကြမ်းဖက်စစ်ကောင်စီအား ဝင်ငွေရှာဖွေပေးနေသော ဝန်ထမ်းများနှင့် ကျည်ဆံဖိုး အခွန်ဆောင်နေသော ပြည်သူများ ထိခိုက်မှုနှင့် အသက်အန္တရာယ်ကို လုံးဝအာမခံမည် မဟုတ်ဟုလည်း အသိပေးသည်။


















































