Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်မှ စစ်တပ်သတင်းပေးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

“မနက် ၉နာရီ ဝန်းကျင်လောက်မှာ သေနတ်နဲ့ အပစ်ခံရတာ။ ကြာပင်ရွာနဲ့ ကျောက်ဆည်လေးရွာကြားမှာ။ အဲဒီမှာ တောင်ပေါ်တက်တဲ့ တောလမ်းမှာ ဖြစ်တာ။ သေတယ်လို့ ယူဆရတယ်။ တစ်ရွာလုံးကတော့ သူ့ကို ဒလန်လို့ သတ်မှတ်ထားတာ။ ကျောက်ဆည်လေးရွာမှာ ဖြစ်စဉ်တွေ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဒီလူက ဖုန်းဆက်ခေါ်တာတို့ လက်ညိုးထိုးပြတာတို့ လုပ်တယ်”

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်ဆည်လေးရွာမှ စစ်တပ်သတင်းပေး ဒလန်တစ်ဦး ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဆည်လေးရွာမှ ဦးဇော်ခိုင်သည် ကျေးရွာသို့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များ လာရောက်တိုင်း စစ်ကောင်စီတပ်များကို အကူအညီပေးခဲ့သူဖြစ်သည်ဟု ၎င်း ကဆိုသည်။

“မနက် ၉နာရီ ဝန်းကျင်လောက်မှာ သေနတ်နဲ့ အပစ်ခံရတာ။ ကြာပင်ရွာနဲ့ ကျောက်ဆည်လေးရွာကြားမှာ။ အဲဒီမှာ တောင်ပေါ်တက်တဲ့ တောလမ်းမှာ ဖြစ်တာ။ သေတယ်လို့ ယူဆရတယ်။ တစ်ရွာလုံးကတော့ သူ့ကို ဒလန်လို့ သတ်မှတ်ထားတာ။ ကျောက်ဆည်လေးရွာမှာ ဖြစ်စဉ်တွေ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဒီလူက ဖုန်းဆက်ခေါ်တာတို့ လက်ညိုးထိုးပြတာတို့ လုပ်တယ်” ဟု ဒေသခံက ပြောသည်။

မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ဦးဇော်ခိုင်သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကျေးရွာသို့ စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာပြီး သေနပစ်ဖောက်ခြင်း ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ညနေပိုင်းတွင် ရွာမှ ပြန်ထွက်သွားပြီဟုသိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။