Connect with us

Hi, what are you looking for?

News

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်တပ်ထောက်ပို့ရထား တိုက်ခိုက်ခံရ၊ ပစ်ခတ်မှုများလည်းရှိ

ရထားခေါင်းတွဲပျက်စီးမှုကြောင့် စစ်ကောင်စီတပ်သားများ ရထားပေါ်မှ ဆင်းပြေးချိန်တွင် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ရာ စုစုပေါင်း ၅ ကြိမ် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ရထားတစ်စင်းတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇန်နဝါရီ ၉)နံနက် ၉ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီး သံလမ်းအနီး စစ်တပ်ထောက်ပို့ရထား ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရထားစက်ခေါင်းထိခိုက်ပျက်စီးသွားကြောင်း မြေပြင်ကင်းထောက် Vomdy က ဖော်ပြသည်။

ရထားခေါင်းတွဲပျက်စီးမှုကြောင့် စစ်ကောင်စီတပ်သားများ ရထားပေါ်မှ ဆင်းပြေးချိန်တွင် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ရာ စုစုပေါင်း ၅ ကြိမ် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“ဒီမနက် တအုန်းအုန်းနဲ့တော့ ပေါက်နေတာပဲ။ ဘယ်နေရာတွေမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် ရထားပေါ်မှ ဆင်းပြေးလာရသည့် စစ်ကောင်စီတပ်များသည် အနီးဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး ခန့်မှန်း မိနစ် ၂၀နီးပါး ပစ်ခတ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။

အထက်ပါတိုက်ခိုက်မှုနှင့် စပ်လျဥ်းပြီး မည်သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီတပ်ထောက်ပို့ရထား တိုက်ခိုက်မှုကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ထို့အပြင် မန္တ​လေးမြို့တွင် ယ​​နေ့နံနက်က ​နေရာအများစု၌ စစ်​ကောင်စီတပ်သားများက စစ်​ဆေးဖမ်းဆီး​နေ​ကြောင်း မြို့ခံများက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။