Connect with us

Hi, what are you looking for?

News

မန္တလေးခရိုင် တရားရုံးကိုလာရောက်မယ့်ရှေ့နေတွေ ဝင်ထွက်ခွင့်ကတ်လုပ်ရမယ်လို့စစ်ကောင်စီကြေညာ

တရားရုံးကိုလာရောက်မယ့် ရှေ့နေတွေဟာ ငွေကျပ် ၁၅၀၀ နဲ့ လျှောက်လွှာ ဝယ်ကာ တရားရုံး ဝင်ထွက်ခွင့် ကတ်လုပ်ရမှာပါ။

ဓါတ်ပုံ- ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မန္တလေးခရိုင်တရားရုံး

ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် မန္တလေးခရိုင်တရားရုံးကို အမှုကိစ္စနဲ့လာရောက်မယ့်ရှေ့နေတွေဟာ ဝင်ထွက်ခွင့်ကတ်အတွက် လျှောက်လွှာတင်ရမယ်လို့စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

တရားရုံးကိုလာရောက်မယ့် ရှေ့နေတွေဟာ ငွေကျပ် ၁၅၀၀ နဲ့ လျှောက်လွှာ ဝယ်ကာ တရားရုံး ဝင်ထွက်ခွင့် ကတ်လုပ်ရမှာပါ။

မန္တလေးခရိုင်တရားရုံး ဒုတိယ ထပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်း က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။