Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ

“ဒုတပ်ကြပ်က ဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ ဆေးထိုးထားတယ်လို့ သိရတယ်။နောက် ၂၄ နာရီအတွင်းမှ အဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်(PDF)များကို တောနင်းရှာဖွေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၀ ရက်)နေ့လည် ၂ နာရီခန့်က ရှားကွဲရွာမြောက်ဘက် မန်းတောင်အထက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦး မြွေးပွေးကိုက်ခံရခြင်းဖြစ်သည်။

“ဒုတပ်ကြပ်က ဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ ဆေးထိုးထားတယ်လို့ သိရတယ်။နောက် ၂၄ နာရီအတွင်းမှ အဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဝက်လက်မြို့နယ်အရှေ့ခြမ်းအား ဒီဇင်ဘာလ ၃၁ရက်နေ့ကတည်းက စစ်ကြောင်းထိုးလျက်ရှိရာ ဇန်နဝါရီလဆန်းပိုင်းက ရဟတ်ယာဥ်များဖြင့်ပါပစ်ခတ်ခဲ့ပြီး စစ​ကောင်စီတပ်ဖွဲ့ဝင်များအား ရဟတ်ယာဥ်များဖြင့် ပို့ဆောင်ချထားခဲ့သည်။ ညောင်ပင်ကြီးတောရွာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည်အင်အား ၁၄၀ခန့်ဖြင့် ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်နေ့)က ဝက်လက်မြို့နယ်၊ ရှားခွဲရွာအနောက်ဘက်၊ မန်းလေးတောင်အနီးတွင် PDFများကို​တောနင်းရှာ​ဖွေစဥ်မြွေပွေးအကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က အဲမြွေတွေကိုလေးစားတယ်။ကျွန်တော်တို့အဖွဲ့နာမည်ကိုတောင် တောကြီးမြွေပွေးနာမည်ကို တင်စားပြီး မှည့်ထားတာ။စစ်ကြောင်းက လေယာဥ်နဲ့ညောင်ပင်ကြီးတောမှာလာချတယ်။ တောလမ်းကနေ ရွာတွေကိုပက်ဝင်တယ်။ ၉ ရက်နေ့မှာ ရှားကွဲရွာအနီး တပ်စွဲရင်း မြွေပွေး ကိုက်ခံရပါတယ်။ ၁၀ ရက်နေ့မှာသေတယ်။ ကျနော်တို့နယ်မှာက ဆေးအကူအညီမရနိုင်ပါဘူး။ကျွန်တော်တို့ PDFတွ တစ်ခုခုဖြစ်ရင်တောင် အသက်ပေးကြရတာပါပဲခင်ဗျ။”ဟု ဝက်လက်အခြေစိုက် တောကြီးမြွေပွေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား ဒီပဲယင်းနယ်တွင်လည်းမြွေပွေးကိုက်ခံရ၍ သေဆုံးသည့်ဖြစ်စဥ်များလည်းဖြစ်ပွားခဲ့ဖူးသည်။ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ အနောက်မြောက်ဘက်စွန်ရှိ ညောင်ပင်ရိုးကျေးရွာတွင် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကျွဲတစ်ကောင်က ခတ်သဖြင့် စစ်သား​သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။