Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ

“ဒုတပ်ကြပ်က ဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ ဆေးထိုးထားတယ်လို့ သိရတယ်။နောက် ၂၄ နာရီအတွင်းမှ အဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်(PDF)များကို တောနင်းရှာဖွေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၀ ရက်)နေ့လည် ၂ နာရီခန့်က ရှားကွဲရွာမြောက်ဘက် မန်းတောင်အထက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦး မြွေးပွေးကိုက်ခံရခြင်းဖြစ်သည်။

“ဒုတပ်ကြပ်က ဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ ဆေးထိုးထားတယ်လို့ သိရတယ်။နောက် ၂၄ နာရီအတွင်းမှ အဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဝက်လက်မြို့နယ်အရှေ့ခြမ်းအား ဒီဇင်ဘာလ ၃၁ရက်နေ့ကတည်းက စစ်ကြောင်းထိုးလျက်ရှိရာ ဇန်နဝါရီလဆန်းပိုင်းက ရဟတ်ယာဥ်များဖြင့်ပါပစ်ခတ်ခဲ့ပြီး စစ​ကောင်စီတပ်ဖွဲ့ဝင်များအား ရဟတ်ယာဥ်များဖြင့် ပို့ဆောင်ချထားခဲ့သည်။ ညောင်ပင်ကြီးတောရွာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည်အင်အား ၁၄၀ခန့်ဖြင့် ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်နေ့)က ဝက်လက်မြို့နယ်၊ ရှားခွဲရွာအနောက်ဘက်၊ မန်းလေးတောင်အနီးတွင် PDFများကို​တောနင်းရှာ​ဖွေစဥ်မြွေပွေးအကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က အဲမြွေတွေကိုလေးစားတယ်။ကျွန်တော်တို့အဖွဲ့နာမည်ကိုတောင် တောကြီးမြွေပွေးနာမည်ကို တင်စားပြီး မှည့်ထားတာ။စစ်ကြောင်းက လေယာဥ်နဲ့ညောင်ပင်ကြီးတောမှာလာချတယ်။ တောလမ်းကနေ ရွာတွေကိုပက်ဝင်တယ်။ ၉ ရက်နေ့မှာ ရှားကွဲရွာအနီး တပ်စွဲရင်း မြွေပွေး ကိုက်ခံရပါတယ်။ ၁၀ ရက်နေ့မှာသေတယ်။ ကျနော်တို့နယ်မှာက ဆေးအကူအညီမရနိုင်ပါဘူး။ကျွန်တော်တို့ PDFတွ တစ်ခုခုဖြစ်ရင်တောင် အသက်ပေးကြရတာပါပဲခင်ဗျ။”ဟု ဝက်လက်အခြေစိုက် တောကြီးမြွေပွေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား ဒီပဲယင်းနယ်တွင်လည်းမြွေပွေးကိုက်ခံရ၍ သေဆုံးသည့်ဖြစ်စဥ်များလည်းဖြစ်ပွားခဲ့ဖူးသည်။ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ အနောက်မြောက်ဘက်စွန်ရှိ ညောင်ပင်ရိုးကျေးရွာတွင် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကျွဲတစ်ကောင်က ခတ်သဖြင့် စစ်သား​သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။