Connect with us

Hi, what are you looking for?

News

ဒေါ်လာ​ဈေး ၂,၀၀၀ ကျပ်အထိပြန်တက်လာ

လက်ရှိတွင် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာသာမကဘဲ ထိုင်းဘတ်ငွေအပါအဝင် အခြားနိုင်ငံခြားငွေများလည်း ဝယ်ယူရန်အခက်အခဲဖြစ်ခဲ့ရသည်ဟု ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

ပြည်တွင်း​​​မှောင်ခိုငွေလဲလှယ်​သော​ ဈေးကွက်တွင် ယ​နေ့(ဇန်နဝါရီ ၁၁)ဒေါ်လာဈေး တစ်ဒေါ်လာကိုကျပ် ၂,၀၀၀အထိပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

၂၀၂၁ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး တစ်ဒေါ်လာကို ကျပ် ၂,၀၀၀​အောက်ပြန်လည်းကျဆင်းခဲ့သည့် ဒေါ်လာဈေးသည် ဇန်နဝါရီ ၁၁ ရက်တွင် ၂,၀၀၀ ကျပ်ကို ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

“ဒီနေ ညနေပိုင်းမှာ earning (လစာရငွေ)က ဈေးတော်တော်တက်သွားတာ။ နောက်နေ့တွေဘယ်လိုလာဦးမလဲ မသိဘူး။ ဒီနေ့မှာ တရှိန်ထိုးတက်တာ၊ အရင် ရက်တွေက ၁,၉၀၀(ကျပ်) ကျော်ကျော်လေးပဲရှိတာ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်အတွင်းတွင် ဒေါ်လာဝယ်ယူသူများနေပြီး ဈေးနှုန်းဆက်လက်မြင့်တက်ရန်လည်းရှိနေသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

Public Service Announcement

Public Service Announcement

“ငွေလဲနှုန်းကို နှုန်းရှင် မဟုတ်ပဲ ထိန်းချုပ်စျေးနှုန်းလုပ်နေကြတာ။ အခုက ပိုထိန်းချုပ်လေ ၊ ပိုတက်လေဖြစ်မှာ၊ ပြင်ပစျေးကွက်ကို ပိတ်ပင်ပြီး ဘဏ်တွင်းစျေးကွက်ပဲ လုပ်လေအပြင် ပေါက်စျေးက တက်နေဦးမှာပဲ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာသာမကဘဲ ထိုင်းဘတ်ငွေအပါအဝင် အခြားနိုင်ငံခြားငွေများလည်း ဝယ်ယူရန်အခက်အခဲဖြစ်ခဲ့ရသည်ဟု ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ​ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျဆင်းခဲ့ရာ ၂၀၂၁ စက်တင်ဘာလတွင်တစ်ဒေါ်လာကို ၂,၈၀၀ကျပ်အထိ အမြင့်ဆုံး​​ဈေးတက်ကာ ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့သည်။

စစ်တပ်အာဏာမသိန်းခင် ဇန်နဝါရီ လကုန်ပိုင်းက တစ်​ဒေါ်လာလျှင် ၁,၃၃၇ ကျပ်သာရှိသည်။ထိုသို့ မြင့်တက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကို ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထက် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ဈေးခွာ၍ ရောင်းချရမည့်ကို ကန့်သတ်ခဲ့ပြီး ​ဒေါ်လာ​ပေါက်​ဈေးကို ပြင်ပ​ဈေးထက်များစွာနှိမ့်ကာဖွင့်ခဲ့သည်။ ထိုသို့ကန့်သတ်ပြီးနောက် ဒေါ်လာအရောင်းအဝယ် မှောင်ခိုဈေးကွက် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်ရွှေအသင်းဥက္ကဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။