Connect with us

Hi, what are you looking for?

News

မုံးကိုးတွင် KIAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်၊ KIA တပ်မဟာ(၉)နယ်မြေကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

တိုက်ပွဲအပြီးတွင် စစ်ကောင်စီမှ ဆမာရွာအနီးတဝိုက်အတွင်း စစ်ရေးလှုပ်ရှားမှု ဆက်လုပ်၍ တိုက်ပွဲထပ်မံ ဖြစ်ပွားနေကြောင်းလည်း Kachinnet Burmese က ယနေ့ညပိုင်း၌ ဖော်ပြသည့်သတင်းတွင် ပါရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမုံးကိုးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြ သည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေ မုန်းကိုးဒေသ ဆမာရွာနှင့် ခဘန်ရွာကြားတွင် ဇန်နဝါရီ ၁၃ရက် နေ့လယ် ၁နာရီကျော် အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်က KIA တပ်စွဲရာနေရာအတွင်း စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

တိုက်ပွဲအပြီးတွင် စစ်ကောင်စီမှ ဆမာရွာအနီးတဝိုက်အတွင်း စစ်ရေးလှုပ်ရှားမှု ဆက်လုပ်၍ တိုက်ပွဲထပ်မံ ဖြစ်ပွားနေကြောင်းလည်း Kachinnet Burmese က ယနေ့ညပိုင်း၌ ဖော်ပြသည့်သတင်းတွင် ပါရှိသည်။

ထို့အပြင် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ KIA တပ်မဟာ(၉) ၊ တပ်ရင်း(၆) နယ်မြေရှဂန်ကောင်သို့လည်း စစ်ကောင်စီတပ်က ယနေ့နံနက်စော ၁နာရီခန့်တွင် တိုက်ပွဲမဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်သုံးစီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။