Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့်ဗုံးကျဲ ၍ က​လေးငယ်တစ်ဦးအပါအဝင် စစ်​ရှောင်ပြည်သူ သုံးဦး​သေဆုံး

အကြမ်းဖက်စစ်ကော်စီ၏ လူမဆန်သော လုပ်ရပ်များကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြင်းထန်စွာ ပြန်လှန်တုံ့ပြန်သွားမည်ဖြစ်ပြီး နှင့် ကျန်ရစ်သောမိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း PDF ဖရူဆိုက ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ဖရူဆို မြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ယ​နေ့နံနက်အ​စောပိုင်းတွင် လေယာဥ်ဖြင့် ဗုံးကျဲ ခဲ့သဖြင့် က​လေးငယ်တစ်ဦးအပါအဝင်စစ်ရှောင်ပြည်သူ သုံးဦး ပွဲချင်း​ပြီးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၁နာရီ၁၀မိနစ်ခန့်တွင် ​အကြမ်းဖက်စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့်ဗုံးလာကျဲခြင်းသဖြင့် မိုဆိုကျေးရွာမှ စစ်ရှောင်လာသောပြည်သူများဖြစ်​သောအသက် ၅၀ ခန့်(ခန့်မှန်း)အရွယ် အမျိုးသား တစ်ဦး ၊အသက် ၁၈ နှစ်ဝန်းကျင်(ခန့်မှန်း)အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်(ခန့်မှန့်)အရွယ်အမျိုးသမီးငယ်တို့​သေဆုံးခဲ့သည်။အမျိုးသမီးငယ်နှစ်ဦးမှာ ညီအစ်မဖြစ်ကြောင်းသိရသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ မနက်ပိုင်း တစ်နာရီမှာ လေယာဉ်နဲ့ပဲလာကြဲတာ အကြမ်းဖက်စစ်ကောင်စီက။ ကြဲတာက တစ်ခေါက်ပဲ။ ဒါပေမဲ့ သိရသလောက်တော့ ကျည်က လေးလုံးပေါ့။ ပြီးတော့ သူ့ရဲ့အနက်က ၄ပေတောင်မှရှိသွားတယ်လို့ပြောတယ်။ အကျယ်က ၆ပေ တဲ့ အဲဒီလောက်ထိ ပြင်းထန်တဲ့ ဗုံးဖြစ်နေတယ်။ အဲဒါကြောင့်ထိခိုက်တဲ့ လူတွေရဲ့ဒဏ်ရာက တော်တော်ကြီးကို ကြည့်ရအဆင်မပြေဖြစ်သွားတယ်” ဟု ဖရူဆို PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကော်စီ၏ လူမဆန်သော လုပ်ရပ်များကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြင်းထန်စွာ ပြန်လှန်တုံ့ပြန်သွားမည်ဖြစ်ပြီး နှင့် ကျန်ရစ်သောမိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း PDF ဖရူဆိုက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဒီဟာက သူတို့ လူ့အခွင့်အရေးမကပါဘူး စစ်ရာဇဝတ်မှုပြောင်ပြောင်တင်းတင်း သူတို့က ကျူးလွန်တယ်။ ပြီးတော့မှ ဒီလူသားမျိုးနွယ်တစ်ခုလုံးကို ခြိမ်းခြောက်ပြီးတော့မှ အကြမ်းဖက် လုပ်ရပ်ကို သူတို့က ပြောင်ပြောင်တင်းတင်းဖော်ပြတဲ့သဘောလို့ မြင်မိတယ်။” ဟု PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလအတွင်းကလည်း မိုဆိုရွာတွင် ဒေသခံ ပြည်သူ ၃၀ကျော်ကို ဖမ်းဆီးပြီး ကားပေါ်တင်မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။

စစ်ကောင်စီတပ်သည် ကရင်နီဒေသတိုက်ပွဲများတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ကရင်နီ-ကယားနယ်စပ် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ဖရူဆိုမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကစ၍ နိုင်ငံ့ အာဏာကို မတရာသိမ်းယူခဲ့သောစစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ကရင်နီပြည်နယ်တွင် အရပ်သား ပြည်သူများ သေဆုံးသူ ၂၀၀ ခန့်ရှိနေသည်။

ထို့အပြင် ကရင်နီပြည်နယ်၏ ထက်ဝက်လူဦးရေ ဖြစ်သည့် တစ်သိန်း ခုနှစ်သောင်းကျော်သည် စစ် ဘေးတိမ်ရှောင်နေရကြောင်း ​ဒေသခံ လူမှုရေး အဖွဲ့အစည်းများက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။