Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားလုပ် ကာကွယ်ဆေးက Omicron ကူးစက်မှုကို ဟန့်တားရာမှာ ပိုမို အာနိသင် ထက်မြက်နိုင်တယ်လို့ဆို

Omicronကို ချေဖျက်နိုင်တဲ့ စွမ်းရည်သတ္တိမှာ ရုရှားလုပ် ကိုဗစ် ကာကွယ်ဆေး Sputnik Vက အမေရိကန် ကုမ္ပဏီ Pfizerက ထုတ်လုပ်တဲ့ ဆေးထက် ပိုထက်မြက်ကြောင်း အသေးစား ဓာတ်ခွဲ သုတေသန လေ့လာမှု တစ်ခုက ညွှန်ပြနေပါတယ်။

Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကို တားဆီးရာမှာ ရုရှားလုပ် ကာကွယ်ဆေးက အမေရိကန်ရဲ့ ကာကွယ်ဆေးထက် အာနိသင် ပိုထက်မြက်တယ်ဆိုတဲ့ စစ်တမ်း ရလဒ်တစ်ခု ထွက်ပေါ်လာပါတယ်။

Omicronကို ချေဖျက်နိုင်တဲ့ စွမ်းရည်သတ္တိမှာ ရုရှားလုပ် ကိုဗစ် ကာကွယ်ဆေး Sputnik Vက အမေရိကန် ကုမ္ပဏီ Pfizerက ထုတ်လုပ်တဲ့ ဆေးထက် ပိုထက်မြက်ကြောင်း အသေးစား ဓာတ်ခွဲ သုတေသန လေ့လာမှု တစ်ခုက ညွှန်ပြနေပါတယ်။

Pfizerဟာ mRNA နည်းပညာ အသုံးပြု ကာကွယ်ဆေးကို ထုတ်လုပ်ထားပြီး လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ် ကာကွယ်ဆေး အားလုံးထဲမှာ အစွမ်းအထက်ဆုံး တစ်မျိုးလို့ သတ်မှတ် ခံထားရပါတယ်။ အခု လေ့လာမှုမှာ Sputnik Vဟာ Pfizerရဲ့ ဆေးထက် ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကို သီးသန့် ဦးတည်တဲ့ Antibody လှုံ့ဆော်နိုင်စွမ်းမှာတော့ ရုရှားရဲ့ဆေးက ပိုမို သာလွန်နေကြောင်း ရုရှားနဲ့ အီတလီ သုတေသီတွေ ပူးပေါင်း ပြုလုပ်တဲ့ သုတေသန စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

ဒီလေ့လာမှုကို ရုရှားရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဌာနက ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ အဲဒီ ဌာနဟာ ပြည်ပကို Sputnik V ဆေးဝါးတွေ တင်ပို့တဲ့ လုပ်ငန်းစဉ်ကို အဓိက တာဝန်ယူ ကွပ်ကဲ ကြပ်မတ်နေပါတယ်။ လေ့လာမှု လုပ်ငန်းစဉ်မှာတော့ သုတေသီတွေဟာ မတူညီ ကွဲပြားတဲ့ ကာကွယ်ဆေးတွေ ထိုးထားကြသူတွေဆီက သွေးရည်ကြည်တွေကို စုဆောင်းယူပြီး Omicronနဲ့ ပတ်သက်လို့ Antibody တုံ့ပြန်နိုင်စွမ်းတွေကို လေ့လာခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

အီတလီနဲ့ ရုရှားမှာ နှစ်ဖွဲ့ခွဲပြီး လေ့လာခဲ့မှုတွေအရ ကာကွယ်ဆေး နှစ်ကြိမ်ဆီ ထိုးထားကြတာချင်း အတူတူ Sputnik V ထိုးထားသူတွေက Omicronကို တွန်းလှန်တဲ့ Antibody လှုံ့ဆော်မှုမှာ Pfizer ထိုးထားသူတွေထက် ပိုကောင်းမွန်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု ကောက်ချက်ကို ပိုမို ခိုင်မာစေဖို့ ဆိုရင်တော့ ကျယ်ပြန့်တဲ့ နှိုင်းယှဉ် လေ့လာမှုတွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

လုံးဝဥဿုံ သေချာတာ တစ်ခုကတော့ ဒီနေ့ အခြေအနေမှာ အနည်းဆုံး ကာကွယ်ဆေး တတိယတစ်လုံး Boosterအဖြစ် ထပ်ထိုးထားသင့်တယ် ဆိုတဲ့အချက်ပဲလို့လည်း ပညာရှင်တွေက အကြံပြုသွားပါတယ်။ ဒါပေမဲ့ မကြာသေးခင်က အစ္စရေးမှာ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတွေအရ ကာကွယ်ဆေး လေးလုံး ထိုးထားသူတွေတောင် Omicron ကူးစက်နိုင်ခြေကို ထူးထူးကဲကဲ ဟန့်တားနိုင်စွမ်း Antibodyမျိုး ရနေဖို့ မသေချာကြောင်း ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိလာတဲ့ Omicronဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲ အားလုံးထဲမှာ ပျံ့နှံ့ ကူးစက်နိုင်စွမ်း အမြင့်ဆုံး ဖြစ်လာပါတယ်။ ဒါပေမဲ့ အရင်မျိုးဆက်တွေနဲ့ ယှဉ်ရင်တော့ Omicronရဲ့ ရောဂါ လက္ခဏာ ပြင်းထန်နိုင်ခြေက သိသိသာသာ လျော့ကျသွားတယ်လို့ ယုံကြည်ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။