Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့​သော နေအိမ်များအား ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့များက ​ငွေနှင့်ပစ္စည်းများ ​ထောက်ပံ့

အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေကြသည့် နယ်များတွင် စစ်ကိုင်းတိုင်းမြောင်မြို့နယ်သည်လည်းတစ်ခု အပါအဝင်ဖြစ်ပြီး အမျိုးသမီး PDFအဖွဲ့ပါ ထူထောင်ထားသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်၁၉လုံးမှ အိမ်​ထောင်စုများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။

မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသော နေအိမ်များအတွက် မြောင်မြို့နယ်ကာကွယ်ရေးအဖွဲ့များမှ ပြည်သူများ၏ ထောက်ပံ့ကူညီငွေများဖြင့် ပြန်လည်ဝိုင်းဝန်းကူညီ စောင့်ရှောက်မှုပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

Public Service Announcement

ပြောက်ကျားလင်းယုန်အဖွဲ့မှ ဆန် ၃အိတ် ၊ ဆီ၅ ပိဿာ၊ YFPDFမှ ကျပ်တစ်သိန်း ၊CDSOM တောင်ပိုင်း ဗိုလ်ကျားသစ်အဖွဲ့မှ ကျပ်တစ်သိန်း၊ CDSOM အနောက်ပိုင်း မုန်တိုင်းအဖွဲ့မှ ကျပ်တစ်သိန်း၊ M2W မြောင်အမျိုးသမီးစစ်သည်တော်တပ်မှ ကျပ်နှစ်သိန်း ၊Chindwin Youth အလှုရှင်အဖွဲ့မှ ကျပ်သုံးသိန်း၊ MUAမြောင်ပြည်သူ့တပ်မတော်မှ ကျပ်နှစ်သိန်း ၊ မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ CDSOM မှ ကျပ်ငါးသိန်းနှင့် ဆန်တစ်အိတ်၊ စုစုပေါင်းကျပ် ၁၅သိန်း၊ ဆန် ၄အိတ်နှင့် ဆီ ၅ပိဿာတို့ကို စုပေါင်းမျှဝေကူညီခဲ့ကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှသည် ပြည်သူများထံသို့ပြန်လည် ဝေမျှဖေးမကူညီသွားမည်ဟု အသိ ပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေကြသည့် နယ်များတွင် စစ်ကိုင်းတိုင်းမြောင်မြို့နယ်သည်လည်းတစ်ခု အပါအဝင်ဖြစ်ပြီး အမျိုးသမီး PDFအဖွဲ့ပါ ထူထောင်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။