Connect with us

Hi, what are you looking for?

News

စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိ​ပေး

စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။

မ​ကွေးတိုင်းရှိ ငဖဲ-စေတုတ္တရာကားလမ်းတလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်နီးကပ်စွာရှိမနေရန်အပါ အဝင်ဒေသနေပြည်သူများရှောင်ရန် အချက်များကိုလူထုတော်လှန်ရေးမဟာမိတ် (PRA) က ယနေ့ ထုတ်ပြန်သည်။

စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။

ထို့ကြောင့် သက္ကယ်ကျင်းကျေးရွာလမ်းနှင့် အနီးတ၀ိုက်သို့ ခရီးသွားလာခြင်း မပြုရန်၊ ငဖဲ-စေတုတ္ထရာ ကားလမ်းတလျှောက် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် နီးကပ်စွာအတူယှဉ်တွဲရှိနေခြင်းမပြုရန်၊ အကြမ်းဖက် စစ်ကောင်ဏီတပ်များသို့ ပြည်သူ လူထု၏ အိမ်စီးကားများ ငှားရမ်းပေးခြင်း မပြုရန် PRAက အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ယခုနှိုးဆော်မှုများအား လိုက်နာခြင်းဖြင့် အာဏာ ရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ လူထုတိုက်ပွဲတွင် ပါဝင်အားဖြည့်ပေးကြရန် PRAက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

လက်ရှိကာလသည် စစ်ကောင်စီတပ်များမှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခြင်း၊ ဒေသတွင်း ခရီးသွားများကို အနိုင်ကျင့် ငွေညှစ်ခြင်းနှင့် ပစ္စည်းများသိမ်းယူခြင်း၊အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်းစသည့် ဖိနှိပ်ညှင်းပမ်းမှုများနေရာအနှံ့တွင် ပြုလုပ်နေကြောင်း၊ စေတုတ္တရာ မြို့ နယ်ကင်ပွန်းချုံရွာထိပ်၊ ငဖဲ- စေတုတ္တရာလမ်းတွင်လည်း ခရီးသွားဆိုင်ကယ်များကို ဖမ်းဆီးထိန်းသိမ်း ခြင်း၊ သက္ကယ်ကျင်း ရွာခံများ၏ ဖုန်းများကို သိမ်းခြင်း၊ ဒေသခံများကို မိုင်းကွင်းများသို့ ဖြတ်စေခြင်း စသော လူမဆန်သည့် လုပ်ရပ်များကို ဆက်တိုက်ပြုလုပ်လာနေသည်ဟု PRAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။