Connect with us

Hi, what are you looking for?

LuduNwayOo

News

စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိ​ပေး

စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။

မ​ကွေးတိုင်းရှိ ငဖဲ-စေတုတ္တရာကားလမ်းတလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်နီးကပ်စွာရှိမနေရန်အပါ အဝင်ဒေသနေပြည်သူများရှောင်ရန် အချက်များကိုလူထုတော်လှန်ရေးမဟာမိတ် (PRA) က ယနေ့ ထုတ်ပြန်သည်။

စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။

ထို့ကြောင့် သက္ကယ်ကျင်းကျေးရွာလမ်းနှင့် အနီးတ၀ိုက်သို့ ခရီးသွားလာခြင်း မပြုရန်၊ ငဖဲ-စေတုတ္ထရာ ကားလမ်းတလျှောက် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် နီးကပ်စွာအတူယှဉ်တွဲရှိနေခြင်းမပြုရန်၊ အကြမ်းဖက် စစ်ကောင်ဏီတပ်များသို့ ပြည်သူ လူထု၏ အိမ်စီးကားများ ငှားရမ်းပေးခြင်း မပြုရန် PRAက အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ယခုနှိုးဆော်မှုများအား လိုက်နာခြင်းဖြင့် အာဏာ ရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ လူထုတိုက်ပွဲတွင် ပါဝင်အားဖြည့်ပေးကြရန် PRAက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

လက်ရှိကာလသည် စစ်ကောင်စီတပ်များမှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခြင်း၊ ဒေသတွင်း ခရီးသွားများကို အနိုင်ကျင့် ငွေညှစ်ခြင်းနှင့် ပစ္စည်းများသိမ်းယူခြင်း၊အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်းစသည့် ဖိနှိပ်ညှင်းပမ်းမှုများနေရာအနှံ့တွင် ပြုလုပ်နေကြောင်း၊ စေတုတ္တရာ မြို့ နယ်ကင်ပွန်းချုံရွာထိပ်၊ ငဖဲ- စေတုတ္တရာလမ်းတွင်လည်း ခရီးသွားဆိုင်ကယ်များကို ဖမ်းဆီးထိန်းသိမ်း ခြင်း၊ သက္ကယ်ကျင်း ရွာခံများ၏ ဖုန်းများကို သိမ်းခြင်း၊ ဒေသခံများကို မိုင်းကွင်းများသို့ ဖြတ်စေခြင်း စသော လူမဆန်သည့် လုပ်ရပ်များကို ဆက်တိုက်ပြုလုပ်လာနေသည်ဟု PRAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။