Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်နေ့မှာ ဈေးတွေ ဆိုင်တွေပိတ်ရင်အရေးယူမယ်လို့ မန္တလေးစည်ပင်ခြိမ်းခြောက်

လက်ရှိမှာတော့ စစ်ကောင်စီဟာ လာမယ့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ နှိုးဆော်တာ ၊ ပါဝင်တဲ့သူတွေကိုဥပဒေပေါင်းစုံနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဈေးတွေ ဆိုင်တွေ လုပ်ငန်းတွေ မပိတ်ကြဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ မန္တလေး စည်ပင်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

မန္တလေး စည်ပင်က စီမံနေတဲ့ ဈေးတွေ ၊ရပ်ကွက်ဈေးတွေ ၊ စားသောက်ဆိုင်တွေ ၊ စတိုးဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေ ၊ လုပ်ငန်းတွေ ဟာ အသံတိတ်သပိတ်နေ့မှာ ပိတ်တာဟာ တည်ဆဲဥပဒေကိုချိုးဖောက်တယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဒီလို ထုတ်ပြန်ချက်ကိုမလိုက်နာရင်တော့ စည်ပင် ဥပဒေတွေအပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ မန္တလေးစည်ပင် ခြိမ်းခြောက်ကြေညာထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လာမယ့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ နှိုးဆော်တာ ၊ ပါဝင်တဲ့သူတွေကိုဥပဒေပေါင်းစုံနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာဆန့်ကျင်ရေးအင်အားစုတွေကတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ ဟာ အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အပြင် တစ်နှစ်ကြာတဲ့အထိ စစ်တပ်အုပ်ချုပ်လို့မရတာကိုပြသချင်တဲ့အတွက် နိုင်ငံလုံးကျွတ်အသံတိတ်သပိတ်လုပ်ကြဖို့ ဆော်သြထားကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။