Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်နေ့မှာ ဈေးတွေ ဆိုင်တွေပိတ်ရင်အရေးယူမယ်လို့ မန္တလေးစည်ပင်ခြိမ်းခြောက်

လက်ရှိမှာတော့ စစ်ကောင်စီဟာ လာမယ့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ နှိုးဆော်တာ ၊ ပါဝင်တဲ့သူတွေကိုဥပဒေပေါင်းစုံနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဈေးတွေ ဆိုင်တွေ လုပ်ငန်းတွေ မပိတ်ကြဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ မန္တလေး စည်ပင်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

မန္တလေး စည်ပင်က စီမံနေတဲ့ ဈေးတွေ ၊ရပ်ကွက်ဈေးတွေ ၊ စားသောက်ဆိုင်တွေ ၊ စတိုးဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေ ၊ လုပ်ငန်းတွေ ဟာ အသံတိတ်သပိတ်နေ့မှာ ပိတ်တာဟာ တည်ဆဲဥပဒေကိုချိုးဖောက်တယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဒီလို ထုတ်ပြန်ချက်ကိုမလိုက်နာရင်တော့ စည်ပင် ဥပဒေတွေအပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ မန္တလေးစည်ပင် ခြိမ်းခြောက်ကြေညာထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လာမယ့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ နှိုးဆော်တာ ၊ ပါဝင်တဲ့သူတွေကိုဥပဒေပေါင်းစုံနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာဆန့်ကျင်ရေးအင်အားစုတွေကတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ ဟာ အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အပြင် တစ်နှစ်ကြာတဲ့အထိ စစ်တပ်အုပ်ချုပ်လို့မရတာကိုပြသချင်တဲ့အတွက် နိုင်ငံလုံးကျွတ်အသံတိတ်သပိတ်လုပ်ကြဖို့ ဆော်သြထားကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။