Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ကန်တော်ကြီးမှာအမျိုးသားအလောင်းတွေ့

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကမန္တလေးကန်တော်ကြီးကန်စပ်မှာဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းကိုတွေ့ရပုံ။ ဓာတ်ပုံ - တဝမေတ္တာလူမှုကူညီရေးအသင်း

စက်တင်ဘာ -၁၉ ၊၂၀၂၆

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုးသားတစ်ဦးလက်မှာဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတာကို နေ့ခင်းပိုင်း ၂ နာရီခွဲဝန်းကျင်မှာ တွေ့ခဲ့ရတာပါ။

သေဆုံးသူအမျိုးသားဟာအသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရဘဲ လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့သေဆုံးနေတာလို့ လူမှုကူညီရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ မူးယစ်ဆေးဝါးသုံးစွဲရင်းသေဆုံးတာဟုတ်၊မဟုတ်ကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းစက်တင်ဘာလ၁၆ ရက်ကလည်း မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာချောင်းအနောက်ဘက် ၃၃ လမ်းနဲ့ ၃၄ လမ်း ကြားမှာ မှောက်ခုံသေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို မြို့ခံတွေက တွေ့ခဲ့ကြပါတယ်။

ဒါအပြင်စက်တင်ဘာ ၁၅ ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁ (A)လမ်း၊ ၆၈(A)လမ်းနဲ့ ၆၈(B) လမ်းကြားက နေအိမ်တစ်လုံးမှာအမျိုးသားနဲ့အမျိုးသမီးနှစ်ဦးတို့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။