Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးညှင်းနယ်တွင် စစ်ကောင်စီယာဉ်များကို KIAနှင့် PDF တိုက်ခိုက်

အင်အား ၅၇ဦးခန့်ပါ စစ်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများတင်ဆောင်လာသော စစ်ကား ၂စီးကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့က တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ မိုးညှင်းမြို့နယ် ပင်ဝေဒေသတွင် ယနေ့(ဇန်နဝါရီ ၂၇ရက်)နံနက်က စစ်ကားဖြင့် စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

အင်အား ၅၇ဦးခန့်ပါ စစ်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများတင်ဆောင်လာသော စစ်ကား ၂စီးကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအပြီးတွင် စစ်ကားနှင့် စစ်အင်အားများ ဆက်တိုက် တိုးဝင်လာ၍ မော်လူးနှင့် မော်ဟန် ဒေသတွင် PDFနှင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု၊ ယာဉ်များ ပျက်စီးမှုရှိမရှိကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။