Connect with us

Hi, what are you looking for?

News

မိုးညှင်းနယ်တွင် စစ်ကောင်စီယာဉ်များကို KIAနှင့် PDF တိုက်ခိုက်

အင်အား ၅၇ဦးခန့်ပါ စစ်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများတင်ဆောင်လာသော စစ်ကား ၂စီးကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့က တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ မိုးညှင်းမြို့နယ် ပင်ဝေဒေသတွင် ယနေ့(ဇန်နဝါရီ ၂၇ရက်)နံနက်က စစ်ကားဖြင့် စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

အင်အား ၅၇ဦးခန့်ပါ စစ်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများတင်ဆောင်လာသော စစ်ကား ၂စီးကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအပြီးတွင် စစ်ကားနှင့် စစ်အင်အားများ ဆက်တိုက် တိုးဝင်လာ၍ မော်လူးနှင့် မော်ဟန် ဒေသတွင် PDFနှင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု၊ ယာဉ်များ ပျက်စီးမှုရှိမရှိကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။