Connect with us

Hi, what are you looking for?

News

မြန်မာ့အကျပ်အတည်း ဝိုင်းဝန်းအဖြေရှာရေး ဗီယင်နာဆွေးနွေးပွဲသို့ NUG ဝန်ကြီးတက်ရောက်

“ဒီ​နေ့​ပြောဖြစ်ခဲ့တဲ့ ​ဆွေး​နွေးပွဲပါ။ အီးယူအ​ကြောင်း နိုင်ငံတကာအ​ကြောင်းနဲ့ သြစတြီးယားနိုင်ငံအ​ကြောင်း​တွေနဲ့အတူ မြန်မာနိုင်ငံ​ရေးကို ဘယ်လို ဝိုင်းဝန်းလုပ်​ဆောင်ကြမလဲ ဆိုတာ တင်ပြဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြည်သူလူထုကို အသိပေးထားသည်။

စစ်​ကောင်စီလက်ပါးစေသံရုံးက ဆွေးနွေးပွဲမကျင်းပရန် ကန့်ကွက်မှု အရာမထင်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဩစတြီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့အကျပ်အတည်း ဝိုင်းဝန်းအဖြေရှာရေးဆွေးနွေးပွဲကို တက်ရောက်ဟောပြောရှင်းလင်းခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဩစတြီးယားနိုင်ငံ၊ မြို့တော်ဗီယင်နာရှိ Diplomatic Academy Vienna ၌ကျင်းပသော ဆွေး နွေးပွဲကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေသံရုံးက ကန့်ကွက်ခဲ့သော်လည်း မြန်မာ ပြည်သူများနှင့်အတူ ရပ်တည်သော Diplomatic Academy Vienna က စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီ​နေ့​ပြောဖြစ်ခဲ့တဲ့ ​ဆွေး​နွေးပွဲပါ။ အီးယူအ​ကြောင်း နိုင်ငံတကာအ​ကြောင်းနဲ့ သြစတြီးယားနိုင်ငံအ​ကြောင်း​တွေနဲ့အတူ မြန်မာနိုင်ငံ​ရေးကို ဘယ်လို ဝိုင်းဝန်းလုပ်​ဆောင်ကြမလဲ ဆိုတာ တင်ပြဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြည်သူလူထုကို အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဗီယင်နာသို့ ရောက်ရှိနေသည့် NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဇန်နဝါရီ ၂၈ ရက်တွင် သြစတီးယားလွှတ်​တော်ကိုယ်စားလှယ်များနှင့် ​တွေ့ဆုံပြီး အကြမ်းဖက်မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ တင်ပြ​ဆွေး​နွေးခဲ့သည်ဟု ဆိုသည်။

အဆိုပါဩစတြီးယားလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ပါတီစုံမှ နိုင်ငံခြား​ရေး​ကော်မတီဝင်များတက်​ရောက်ခဲ့ကြောင်း ဝန်ကြီးဦးအောင်မျိုးက ပြောသည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးသည် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေမှုအခြေအနေများကို ဩစတြေးလျမီဒီယာများနှင့်တွေ့ဆုံပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်