Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အကျပ်အတည်း ဝိုင်းဝန်းအဖြေရှာရေး ဗီယင်နာဆွေးနွေးပွဲသို့ NUG ဝန်ကြီးတက်ရောက်

“ဒီ​နေ့​ပြောဖြစ်ခဲ့တဲ့ ​ဆွေး​နွေးပွဲပါ။ အီးယူအ​ကြောင်း နိုင်ငံတကာအ​ကြောင်းနဲ့ သြစတြီးယားနိုင်ငံအ​ကြောင်း​တွေနဲ့အတူ မြန်မာနိုင်ငံ​ရေးကို ဘယ်လို ဝိုင်းဝန်းလုပ်​ဆောင်ကြမလဲ ဆိုတာ တင်ပြဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြည်သူလူထုကို အသိပေးထားသည်။

စစ်​ကောင်စီလက်ပါးစေသံရုံးက ဆွေးနွေးပွဲမကျင်းပရန် ကန့်ကွက်မှု အရာမထင်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဩစတြီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့အကျပ်အတည်း ဝိုင်းဝန်းအဖြေရှာရေးဆွေးနွေးပွဲကို တက်ရောက်ဟောပြောရှင်းလင်းခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဩစတြီးယားနိုင်ငံ၊ မြို့တော်ဗီယင်နာရှိ Diplomatic Academy Vienna ၌ကျင်းပသော ဆွေး နွေးပွဲကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေသံရုံးက ကန့်ကွက်ခဲ့သော်လည်း မြန်မာ ပြည်သူများနှင့်အတူ ရပ်တည်သော Diplomatic Academy Vienna က စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီ​နေ့​ပြောဖြစ်ခဲ့တဲ့ ​ဆွေး​နွေးပွဲပါ။ အီးယူအ​ကြောင်း နိုင်ငံတကာအ​ကြောင်းနဲ့ သြစတြီးယားနိုင်ငံအ​ကြောင်း​တွေနဲ့အတူ မြန်မာနိုင်ငံ​ရေးကို ဘယ်လို ဝိုင်းဝန်းလုပ်​ဆောင်ကြမလဲ ဆိုတာ တင်ပြဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြည်သူလူထုကို အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဗီယင်နာသို့ ရောက်ရှိနေသည့် NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဇန်နဝါရီ ၂၈ ရက်တွင် သြစတီးယားလွှတ်​တော်ကိုယ်စားလှယ်များနှင့် ​တွေ့ဆုံပြီး အကြမ်းဖက်မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ တင်ပြ​ဆွေး​နွေးခဲ့သည်ဟု ဆိုသည်။

အဆိုပါဩစတြီးယားလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ပါတီစုံမှ နိုင်ငံခြား​ရေး​ကော်မတီဝင်များတက်​ရောက်ခဲ့ကြောင်း ဝန်ကြီးဦးအောင်မျိုးက ပြောသည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးသည် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေမှုအခြေအနေများကို ဩစတြေးလျမီဒီယာများနှင့်တွေ့ဆုံပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။