Connect with us

Hi, what are you looking for?

News

ယတြာအစီရင်များပါသည့် ငါး​​ထောင်ကျပ်တန်များကို စစ်​ကောင်စီက စစ်​တောင်းမြစ်ထဲ ကြဲချ

“မနေ့က နေ့လည် ၁၁ နာရီလောက်မှာ ရဟတ်ယာဥ် ပျံသံကြားလို့ စူစမ်းကြည့်တော့ ဘာတွေကြဲမှန်းမသိကြဲနေတာ။အဲဒါနဲ့ တော်တော် ထွက်မကောက်ဖြစ်ဘူး။တစ်နာရီလောက်မှ ထွက်ကြည့်ပြီးတော့ အဲဒီပိုက်ဆံတွေရခဲ့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

▪️အိမ်သာကျင်းထဲထည့်၍ ဆန့်ကျင်ကြရန် ​ဒေသခံတစ်ဦး မှတ်ချက်ပြု

ယတြာအစီရင်များပါရှိသည့် ငါး​ထောင်ကျပ်တန် များကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်ဖြင့် စစ်တောင်း မြစ်ထဲ ကြဲချခဲ့သည်ဟု ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၉ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သည် လေယာဥ်ဖြင့် ကြဲချသည့် ငါး​ထောင်ကျပ်တန်များကို တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှ ပြည်သူအချို့က ကောက်ယူရရှိခဲ့ခြင်းဖြစ်သည်။

“မနေ့က နေ့လည် ၁၁ နာရီလောက်မှာ ရဟတ်ယာဥ် ပျံသံကြားလို့ စူစမ်းကြည့်တော့ ဘာတွေကြဲမှန်းမသိကြဲနေတာ။အဲဒါနဲ့ တော်တော် ထွက်မကောက်ဖြစ်ဘူး။တစ်နာရီလောက်မှ ထွက်ကြည့်ပြီးတော့ အဲဒီပိုက်ဆံတွေရခဲ့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယတြာအစီရင်များပါရှိသည့် ပိုက်ဆံများကို လက်ခံထားသူများအနေဖြင့် အိမ်သာကျင်းထဲသို့ ထည့်ပေးပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြရန်လည်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“နဂါးမင်းတက်လာပြီဖြစ်လို့ စစ်ခွေးတွေဘဝ မကြာခင်ပျက်တော့မှာဖြစ်ပါတယ်။ ချီးတပ်ယတြာကို ချီးတွင်းထဲ ထည့်ပေးလိုက်ကြပါ။ ဓာတ်ရိုက်၊ဓာတ်ဆင်သဘောမျိုးလဲ ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံ့အာဏာကို မတရားရယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ​ဗေဒင်၊ယတြာများကို ယခင်ကတည်းက အလွန်အကျူးယုံကြည်သည် ဖြစ်ရပ်များစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook