Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်နှင့် ထောက်တိုင်များအား တစ်ရက်တည်း ၉ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ရန်ကုန်ပြည်သူ့အင်အားစု အသိပေး

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တစ်ရက်တည်း ၉ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့အင်အားစု တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

(ယ​နေ့နံနက်က အလုံမြို့နယ်ရှိ Mytel ရုံး​​ပေါက်ကွဲမှုဖြစ်ပြီး​နောက် ​တွေ့ရစဥ်)

တိုက်ခိုက်မှုများကို ယမန်နေ့(ဖေဖော်ဝါရီ ၁)တစ်ရက်တည်းတွင် မှော်ဘီ၊ ရွှေပြည်သာ၊ တာမွေနှင့် ဒေါပုံမြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ရင်း၊ ရဲစခန်းနှင့် ရဲကင်းစသည်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မှော်ဘီ

မှော်ဘီမြို့၊ မြောင်းတကာကျေးရွာ စခန်းဟောင်းအနီးရှိ ရဲကင်းအား ယမန်နေ့နံနက် ၆ နာရီတွင် တိုက်ခိုက်ခဲ့ကာ အလားတူ ရဲစခန်းဝန်ထမ်းအိမ်ယာအနီး ရဲကင်းအား ၆ နာရီ မိနစ်၂၀တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန် သည်။

ရွှေပြည်သာ

Public Service Announcement

Public Service Announcement

ရွှေပြည်သာမြို့နယ်တွင်လည်း တိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရာ We Love Care ပရဟိတအယောင် ဆောင်အဖွဲ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နံနက် ၈ နာရီခွဲတွင် တစ်ကြိမ်၊ ၉ နာရီတွင် တစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့အင်အားစုအဖွဲ့က ဖော်ပြသည်။

ထို့အပြင် ရွှေပြည်သာ လှော်ကားတာဆုံအနီးရှိရဲတပ်ရင်း(၁)သင်တန်းကျောင်းနှင့် Dagon Beverages ကုမ္ပဏီတို့အား ညနေ ၆ နာရီ ၅၅မိနစ် ခန့်တွင် ၄၀ (မမ)ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တာမွေ

အလားတူ တာမွေမြို့နယ် စခန်း(၄၀)ရဲစခန်းအား ယမန်နေ့နံနက် ၈ နာရီ ၅၀ တွင် တစ်ကြိမ်၊ ၈ နာရီ ၅၅မိနစ်တွင် တစ်ကြိမ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့အင်အားစုက အသိ ပေးသည်။

ထိုဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့အင်အားစုနှင့် Yangon People Defence Force (Bahan)ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေါပုံ

ဒေါပုံမြို့နယ်၌မူ အောင်မေတ္တာလမ်းရှိ Mytel တာဝါတိုင်အစောင့်စစ်သား ခြောက်ဦးအား ၆ နာရီ ၅၀မိနစ် တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို ရန်ကုန်တိုင်းပြည်သူ့အင်အားစုက ဖော်ပြထားခြင်း မရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။