Connect with us

Hi, what are you looking for?

News

မုဒုံမှရေးသို့ အင်အားလာဖြည့်သည့် စစ်ကောင် စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရကားသုံးစီးပျက်စီး ထိခိုက်သေဆုံးရှိနိုင်

“တဖက်ကကောင်တွေ ၁ နာရီလောက်အချိန် မုဒုံကနေထွက်လာပြီလို့ သိရတော့ကျွန်တော်တို့လမ်းမှာအသင့်ပြင်ပြီးသွားစောင့်နေပါတယ်။ ည ၁၀ နာရီ မှ ဆင်းလာပြီဆိုပြီးသတင်းရတော့ ကျွန်တော်တို့ မိုင်းခွဲပြီး လက် နက်ငယ်နဲ့ ပစ်ခတ်ခဲ့ပါတယ်”ဟု YGF တပ်မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

မုဒုံနယ်မှနေ၍ ရေးမြို့ဘက် အင်အားလာဖြည့်သည့် စစ်ကောင်စီယာဥ်တန်းအား ဖောက်ခွဲပစ်ခိုက်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့ Ye Guerrilla Force(YGF)က ယနေ့ (ဖေဖော်ဝါရီ ၃)ထုတ်ပြန်သည်။

“တဖက်ကကောင်တွေ ၁ နာရီလောက်အချိန် မုဒုံကနေထွက်လာပြီလို့ သိရတော့ကျွန်တော်တို့လမ်းမှာအသင့်ပြင်ပြီးသွားစောင့်နေပါတယ်။ ည ၁၀ နာရီ မှ ဆင်းလာပြီဆိုပြီးသတင်းရတော့ ကျွန်တော်တို့ မိုင်းခွဲပြီး လက် နက်ငယ်နဲ့ ပစ်ခတ်ခဲ့ပါတယ်”ဟု YGF တပ်မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီယာဥ်တန်းတွင် စစ်ကား ၅ စီးပါဝင်ပြီး တိုက်ခိုက်မှုကြောင်း ကား ၃ စီးပျက်စီးပြီးထိုးရပ်သွားစဥ် လက် နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် အစင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်ပါးစေတစ်ဦး ရှင်းလင်းခံရသဖြင့် ရေးမြို့နယ်သို့ လာရောက်အင်အားဖြည့်တင်းခြင်းဖြစ်ကြောင်း YGF က ဆိုသည်။

Public Service Announcement

Public Service Announcement

ရေးသို့ အင်အားလာရောက်ဖြည့်တင်းသော စစ်ကောင်စီတပ်ဘက်မှ ကား ၃ စီးပျက်ဆီးသွားသည့်အပြင် ထိခိုက်သေဆုံးမှုများလည်း ရှိနိုင်ကြောင်း YGF ထံမှ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်