Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD နှင့် KNU တို့ ပထမဆုံးအကြိမ် အွန်လိုင်းမှဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် ယနေ့(ဖေဖော်ဝါရီ ၃ ရက်)တွင် အွန်လိုင်းမှတဆင့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်သူအချို့ကပြောသည်။

အထက်ပါဆွေးနွေးပွဲသို့ NLD မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့် နှင့် ဗဟိုအလုပ်ကော်မတီဝင်များ၊ KNU မှ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၊အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးနှင့် ဗဟိုအမြဲတမ်းကော်မတီဝင်များ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

“အဓိကတွေ့ဖြစ်တာက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့အတွက် ရည်မှန်းချက်တူတဲ့ အင်အားစုတွေ ကြားထဲမှာ လုပ်ငန်းစဉ်တွေအရ ပူးပေါင်းဆောင်ရွက်နိုင်တာပဲဖြစ်ဖြစ်၊ သတင်းအချက်အလက်ဖလှယ်တာပဲဖြစ်ဖြစ် ဆောင်ရွက်လို့ ရ အောင်ပါ” ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောသည်။

စစ်အာဏာသိမ်း ၁ နှစ်ပြည့်တွင် NLD ထုတ်ပြန်ခဲ့သောကြေညာချက်၌ NLD သည် ပြည်သူနှင့် အတူ ပြတ်သားစွာရပ်တည်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီမိုကရေစီရှင်သန် ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook