Connect with us

Hi, what are you looking for?

News

AYA ဘဏ် ဖောက်ခွဲမယ့်အစီအစဉ် ပြည်သူ့လုံခြုံရေးကြောင့် ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်

B.F.R.A.F အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်ကလည်း သာကေတမြို့အတွင်း၌ လမ်းဖွင့်ပွဲလာလုပ်သည့် စစ်ကောင်စီခန့် ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့ကို ဗုံးဖောက်၍တိုက်ခိုက် ရန်စီစဥ်ခဲ့သော်လည်း ပြည်သူများ၏ လုံခြုံရေးအရ နောက်ဆုတ်ပေးခဲ့ရသည်။

CDM ဝန်ထမ်းများကို ဖိနှိပ်မှုများပြုလုပ်နေသော ကမ်းနားလမ်းရှိ AYA ဘဏ်ကို သတိပေးသည့် အနေဖြင့် ဗုံးဖောက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများ၏ လုံခြုံရေးကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F) အဖွဲ့ကသတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ AYA ဘဏ်ကို ပေါက်ကွဲအား ပြင်းထန်သော ဗုံးထောင်၍ ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း လူသွားလူလာ မပျက်သောကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါဘဏ်သည် CDM ပြုလုပ်နေသော ဝန်ထမ်းများ၏ ချေးငွေကိစ္စနှင့်ပတ်သက်၍ အတိုးနှုန်းများမြှင့်ခြင်း ၊ နောက်ကျကြေးများထည့်သွင်းခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဖိအားပေးလုပ်ဆောင်နေကြောင်း B.F.R.A.F ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းလုပ်ဆောင်ချက်များသည် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ထောက်ခံသည့်ပုံစံဖြစ်နေသောကြောင့် ၎င်းတို့သတိပေးသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေပါက AYA ဘဏ်မှ တာဝန်ရှိသူများကို နာမည်ပျက်စာရင်းသွင်း၍ ၎င်းတို့ဘက်ကလည်း လူပ်ဆောင်စရာရှိသည်များကို ဆက်လုပ်မည်ဟု B.F.R.A.F ကသတိပေးသည်။

Public Service Announcement

Public Service Announcement

B.F.R.A.F အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်ကလည်း သာကေတမြို့အတွင်း၌ လမ်းဖွင့်ပွဲလာလုပ်သည့် စစ်ကောင်စီခန့် ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့ကို ဗုံးဖောက်၍တိုက်ခိုက် ရန်စီစဥ်ခဲ့သော်လည်း ပြည်သူများ၏ လုံခြုံရေးအရ နောက်ဆုတ်ပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။