Connect with us

Hi, what are you looking for?

News

ရှစ်တန်း​ကျောင်းသားအပါအဝင် ညီအစ်ကိုသုံးဦးကို စစ်​ကောင်စီတပ်သတ်ဖြတ်

အငယ်ဆုံး အသက်၁၇ နှစ်အရွယ်မောင်ကျော်မင်းနိုင်မှာ ရှစ်တန်းကျောင်းသားသာရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာရှိ ရှစ်တန်း​ကျောင်းသားအပါအဝင် အပြစ်မဲ့ညီအကို သုံးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်နေ့)က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှ ညီအစ်ကို ၃ဦးအား အကြမ်းဖက်စစ်တပ်မှ လမ်းပြအဖြစ်ဖမ်းဆီးခါ်ဆောင်သွားပြီး မြင်းမူမြို့နယ် မဓုရကျေးရွာတွင် မဓုရရွာသား၁ဦးနှင့်အတူ နှိပ်စက်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement

ဖေဖေါ်ဝါရီလ ၃ရက်နေ့ နေ့လယ်၁၂နာရီခွဲအချိန့်ခန်က မြင်းမူမြို့နယ် နဘဲကြူးကျေးရွာ၊ မကျီးကန်ကျေးရွာ နှင့် မဓုရကျေးရွာသို့ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်​ကောင်စီတပ်က လမ်းပြအဖြစ်ဖမ်းဆီးလာခဲ့သည့် ညောင်ပင်ဝန်းကျေးရွာမှ ဦးရဲဝင့်အောင်၏ သားများဖြစ်တဲ့ ကိုကျော်မင်းထွန်း (၂၆)နှစ်၊ ကိုကျော်သူအောင် (၂၄)နှစ်၊ ကိုကျော်မင်းနိုင် ( ၁၇)နှစ် တို့ ညီအကို ၃ဦးနှင့် မဓုရရွာမှ ဦးမြင့်ကျော်၏သား ကိုဇော်မျိုးအောင် (၂၀)နှစ် တို့ကို အကြမ်းဖက်စစ်​ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အငယ်ဆုံး အသက်၁၇ နှစ်အရွယ်မောင်ကျော်မင်းနိုင်မှာ ရှစ်တန်းကျောင်းသားသာရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၃၁ရက်နေ့ကလည်း အကြမ်းဖက်စစ်​ကောင်စီတပ်သည် မြင်းမူမြို့နယ် ပဒတ္တိုင်းရွာမှ အပြစ်မဲ့ရွာသား ၂၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

Facebook