Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှစ်တန်း​ကျောင်းသားအပါအဝင် ညီအစ်ကိုသုံးဦးကို စစ်​ကောင်စီတပ်သတ်ဖြတ်

အငယ်ဆုံး အသက်၁၇ နှစ်အရွယ်မောင်ကျော်မင်းနိုင်မှာ ရှစ်တန်းကျောင်းသားသာရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာရှိ ရှစ်တန်း​ကျောင်းသားအပါအဝင် အပြစ်မဲ့ညီအကို သုံးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်နေ့)က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှ ညီအစ်ကို ၃ဦးအား အကြမ်းဖက်စစ်တပ်မှ လမ်းပြအဖြစ်ဖမ်းဆီးခါ်ဆောင်သွားပြီး မြင်းမူမြို့နယ် မဓုရကျေးရွာတွင် မဓုရရွာသား၁ဦးနှင့်အတူ နှိပ်စက်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement

ဖေဖေါ်ဝါရီလ ၃ရက်နေ့ နေ့လယ်၁၂နာရီခွဲအချိန့်ခန်က မြင်းမူမြို့နယ် နဘဲကြူးကျေးရွာ၊ မကျီးကန်ကျေးရွာ နှင့် မဓုရကျေးရွာသို့ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်​ကောင်စီတပ်က လမ်းပြအဖြစ်ဖမ်းဆီးလာခဲ့သည့် ညောင်ပင်ဝန်းကျေးရွာမှ ဦးရဲဝင့်အောင်၏ သားများဖြစ်တဲ့ ကိုကျော်မင်းထွန်း (၂၆)နှစ်၊ ကိုကျော်သူအောင် (၂၄)နှစ်၊ ကိုကျော်မင်းနိုင် ( ၁၇)နှစ် တို့ ညီအကို ၃ဦးနှင့် မဓုရရွာမှ ဦးမြင့်ကျော်၏သား ကိုဇော်မျိုးအောင် (၂၀)နှစ် တို့ကို အကြမ်းဖက်စစ်​ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အငယ်ဆုံး အသက်၁၇ နှစ်အရွယ်မောင်ကျော်မင်းနိုင်မှာ ရှစ်တန်းကျောင်းသားသာရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၃၁ရက်နေ့ကလည်း အကြမ်းဖက်စစ်​ကောင်စီတပ်သည် မြင်းမူမြို့နယ် ပဒတ္တိုင်းရွာမှ အပြစ်မဲ့ရွာသား ၂၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။