Connect with us

Hi, what are you looking for?

News

ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင် PDFများက စစ်​ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ဝိုင်းဝန်းတိုက်ခိုက်​နေဟု ထုတ်ပြန်

ယနေ့( ဖေဖော်ဝါရီ ၇ ရက်)တွင်လည်း စစ်ရေးတင်းမာနေပြီး အသေးစိတ်ကို လတ်တလောမပြောနိုင်သေးဘဲ မကြာမီ သတင်းထုတ်ပြန်မည်ဟု ​ကျောက်ထု ပြန်ကြား ရေးဌာနက ပြောသည်။

ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDFများက လက်နက်ကြီးများဖြင့် အရပ်မျက်နှာစုံမှ တိုက်ခိုက်နေ​ကြောင်း ​ကျောက်ထုPDFက ထုတ်ပြန်သည်။

ကျောက်ထုဒေသတွင်း၊ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းပေါ်သို့ နယ်မြေကျူးကျော်လာကြသော စစ်ကောင်စီယာဥ်တန်းကို နေ့စဥ်တိုက်ခိုက်နေသည့် အခြေအနေကို ​ကျောက်ထုPDF က ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၄ရက်မှ မိုင်းရှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်က လေးဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း​ ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၅ ရက်နှင့် ဖေဖော်ဝါရီ ၆ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီအထိနာခဲ့သော်လည်း ထိခိုက်မှုစာရင်းကို လတ်တလော မသိရသေးကြောင်းထုတ်ပြန်ထားသည်။

ယနေ့( ဖေဖော်ဝါရီ ၇ ရက်)တွင်လည်း စစ်ရေးတင်းမာနေပြီး အသေးစိတ်ကို လတ်တလောမပြောနိုင်သေးဘဲ မကြာမီ သတင်းထုတ်ပြန်မည်ဟု ​ကျောက်ထု ပြန်ကြား ရေးဌာနက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။