Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင် PDFများက စစ်​ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ဝိုင်းဝန်းတိုက်ခိုက်​နေဟု ထုတ်ပြန်

ယနေ့( ဖေဖော်ဝါရီ ၇ ရက်)တွင်လည်း စစ်ရေးတင်းမာနေပြီး အသေးစိတ်ကို လတ်တလောမပြောနိုင်သေးဘဲ မကြာမီ သတင်းထုတ်ပြန်မည်ဟု ​ကျောက်ထု ပြန်ကြား ရေးဌာနက ပြောသည်။

ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDFများက လက်နက်ကြီးများဖြင့် အရပ်မျက်နှာစုံမှ တိုက်ခိုက်နေ​ကြောင်း ​ကျောက်ထုPDFက ထုတ်ပြန်သည်။

ကျောက်ထုဒေသတွင်း၊ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းပေါ်သို့ နယ်မြေကျူးကျော်လာကြသော စစ်ကောင်စီယာဥ်တန်းကို နေ့စဥ်တိုက်ခိုက်နေသည့် အခြေအနေကို ​ကျောက်ထုPDF က ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၄ရက်မှ မိုင်းရှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်က လေးဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း​ ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၅ ရက်နှင့် ဖေဖော်ဝါရီ ၆ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီအထိနာခဲ့သော်လည်း ထိခိုက်မှုစာရင်းကို လတ်တလော မသိရသေးကြောင်းထုတ်ပြန်ထားသည်။

ယနေ့( ဖေဖော်ဝါရီ ၇ ရက်)တွင်လည်း စစ်ရေးတင်းမာနေပြီး အသေးစိတ်ကို လတ်တလောမပြောနိုင်သေးဘဲ မကြာမီ သတင်းထုတ်ပြန်မည်ဟု ​ကျောက်ထု ပြန်ကြား ရေးဌာနက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။