Connect with us

Hi, what are you looking for?

News

မိတ္ထီလာမြို့မှတပ်ထောက်ခံသူတစ်ဦး၏ သားမက်၊ ရဲအရာရှိတစ်ဦး၏အမျိုးသားကို စစ်တပ်ကရိုက်နှက်ခြိမ်း​ခြောက်ငွေညှစ်

ဖြစ်စဥ်မှာ ဦးဝေကြီး၏သားမက်တော်စပ်သူသည် ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၇ နာရီခွဲက ကျောက်ဆည်မြို့တောင်ဘက် လက်ပံရွာလမ်း ဆုံအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းနှင့် ငွေကြေးမတရားတောင်းယူခြင်းကို ခံခဲ့ရကြောင်း ရေးသားဖော်ပြသည်။

မိတ္ထီလာမြို့နေ စစ်တပ်ထောက်ခံသူ ဦးဝေကြီးဆိုသူ၏သားမက်လည်းဖြစ် ရဲအရာရှိတစ်ဦး၏အမျိုးသားလည်းဖြစ်သူကို စစ်ကောင်စီတပ်သားများက ရိုက်နှက်ခြိမ်း​ခြောက်ငွေညှစ်မှုဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်မိသားစုက လူမှုကွန်ရက်တွင် ရင်ဖွင့်ထားသည်။

“ငါဟာ ဘာသာ သာသနာနဲ့ လက်နက်ကိုင်အဖွဲ့အကြောင်းကို မကောင်းသတင်း မတင်ဖူးဘူးပုံရိပ်ထိခိုက်မှာစိုးလို့ဖြစ်တယ်ခု ရေးမယ် (ဖြစ် စဉ်အမှန်)”ဟုဆိုကာ MrWai Gyi အကောင့်ပိုင် ရှင်ကအစချီရေးသားထားပြီး ဓါတ်ပုံဖြင့်ပိုစ်တင်ထားခြင်း ဖြစ်သည်။

ဖြစ်စဥ်မှာ ဦးဝေကြီး၏သားမက်တော်စပ်သူသည် ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၇ နာရီခွဲက ကျောက်ဆည်မြို့တောင်ဘက် လက်ပံရွာလမ်း ဆုံအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းနှင့် ငွေကြေးမတရားတောင်းယူခြင်းကို ခံခဲ့ရကြောင်း ရေးသားဖော်ပြသည်။

ကုန်တင်ကားမောင်နှင်လာသည့် ဦးဝေကြီး၏ သားမက်ဖြစ်သူသည် လက်ပံရွာလမ်းဆုံအနီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးသည်ကိုခံယူရပြီး မိတ္ထီလာသို့ ဆက်လက်မောင်းနှင်ခဲ့ရာ စစ်သားအချို့၏ သေနတ်ပစ်ဖောက် တားဆီးခြင်းကို ခံရသည်ဟု MrWai Gyi အကောင့်ပိုင်ရှင်က ရှင်းပြထား သည်။

Public Service Announcement

Public Service Announcement

ထိုသို့စစ်သားများတားဆီးသည်ကို ကားရပ်ပေးကာ ဦးဝေကြီး၏သားမက်က “ကလေးက ကျနော်တို့လည်း တပ်ဖွဲ့ဝင်မိသားစုတွေပါ လို့အကြိမ်ကြိမ်ပြောတော့မင်းတို့က ဘယ်ကလည်းတဲ့ ကျနော့ဇနီးက မိတ္ထီလာခရိုင်ရုံးက
ရဲအရာရှိပါ လို့ ပြောတော့ ငါတို့က ရဲဆို မုန်းတယ်ကွဆိုပြီးထပ် ရိုက်နှက်တယ်။ ပြီးတော့ ငွေ ၂၀၀၀၀၀ တောင်းပြီး ပြန်ခိုင်းလိုက်တယ် ဒီလိုမျိုးဖြစ်စဉ်တွေကား ဘယ်နှစ်စီးရှိနေပြီလည်း” ဟု MrWai Gyi က ရင်ဖွင့်ထားသည်။

စစ်သားများ၏ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် ဦးဝေကြီး၏သားမက်နှင့် အဖော်ဖြစ်သူတစ်ဦးတို့မှာ ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့် မိတ္ထီလာသို့ ကားဆက်မမောင်းနိုင်တော့ဘဲ ဝမ်းတွင်းမြို့၌ ညအိပ်ကာ နောက်တစ်နေ့မနက်တွင်မှ ပြန်ခဲ့ရကြောင်း ရေးသားဖော်ပြသည်။

အရာရှိရဲမေတစ်ဦး၏ ခင်ပွန်းလည်းဖြစ်သည့် ၎င်း၏သားမက်နှင့် အဖော်တစ်ဦးတို့က စစ်သားများက ရိုက်နှက်၊ ငွေညှစ်သည့်အပြင် စစ်ဖိနပ်များဖြင့်ပါ မျက်နှာများကို ကန်ကြောက်ထားသည့်အပေါ်မကျေနပ်နိုင်ကြောင်း MrWai Gyi က ရင်ဖွင့်ထားသည်။

“ပုံတင်ပေးလိုက်တယ်။ကျောက်ဆည်မှာအရိုက်ခံရပြီး
မကြာခင်ပုံဖြစ်တယ်။နောက်နေ့ ခု အချိန်မှာတော့
ယောင်ကိုင်းနေပြီ တွေးကြည့်ပေါ့။ဒါတောင်မျက်နှာကိုစစ်ဖိနပ်နဲ့ကန်တဲ့ဒါဏ်ရာ အောက်ပိုင်းဒါဏ်ရာတွေမပါသေးဘူး”ဟု ၎င်းက​ရေးသားထားသည်။

​ဖေစ်ဘွခ်သုံးစွဲသူ တစ်ဦးကလည်း “ခံစားဖူးမှ့ နားလည်လိမ့်မယ်။လူငယ်တွေရဲ့ အသက်တွေကနိုင်ငံအတွက်
သူတို့လိုချင်တဲ့ခေါင်းဆောင် သူတို့လိုချင်တဲ့ဒီမိုကရေစီရဲ့
အနှစ်အရသာကိုလက်တွေ့ခံစားချင်လို့ ပိုင်ဆိုင်ချင်လို့ ပေးဆပ်နေကြတာပါ။ခု့က ခင်ဗျားရဲ့သမတ်ပဲရှိ့ပါသေးတယ် ။အသက်မပျောက်သေးဘူးနော်ခံစားကြည့်လိုက်ပါ”
ဟု မှတ်ချက်​​ပေးရေးသားသည်။

“အေး အဲဒါအချင်းချင်းတွေမို့လို့..ဒါအကင်းဘဲရှိသေးတယ်..အပြင်လူဆိုသတ်ပစ်လိုက်ပြီးနောက်နေ့အလောင်းလာရွေးခိုင်းမှာ..သိပြီလား ပြည်သူတွေဘယ်လိုခံစားနေရလဲဆိုတာ” ဟု ​ဖေစ်ဘွခ်အသုံးပြုသူတစ်ဦးကလည်း မှတ်ချက်​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်