Connect with us

Hi, what are you looking for?

News

ဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် စစ်ကောင်စီဒုခေါင်းဆောင်၏ ညွှန်ကြားချက် လက်မခံကြရန် KNPP ပြည်ထဲရေးဝန်ကြီးဌာနသတိပေး

KNPP လက်အောက်တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး အပါအဝင် ဌာနဆိုင်ရာ သီးသီးကိုယခင်ကတည်းက စုဖွဲ့ထားပြီး ပြည်ထဲရေးဌာနက ယခု ကြေညာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ကရင်နီ(ကယား)ပြည်နယ်နယ်သို့ လာရောက်စဉ် ဝန်ထမ်းများ ဖေဖော်ဝါရီ ၂၅ရက်နေ့ နောက်ဆုံးထား၍ မိမိတာဝန်ထမ်းဆောင်ခဲ့ရာ မူလရာထူးအဆင့် နေရာ၌ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် ညွှန်ကြားချက်ကို လက်မခံကြရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)ကစုဖွဲ့ထားသည့် ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

KNPP လက်အောက်တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး အပါအဝင် ဌာနဆိုင်ရာ သီးသီးကိုယခင်ကတည်းက စုဖွဲ့ထားပြီး ပြည်ထဲရေးဌာနက ယခု ကြေညာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင်သည်ဖေဖော်ဝါရီ ၃ရက်က ကရင်နီပြည် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းမြို့များသို့ ရောက်ရှိလာပြီး ပြည်နယ် စီမံခန့်ခွဲရေးကောင်စီအဖွဲ့ကို ခေါ်ယူတွေ့ ဆုံကာဝန်ထမ်းများတာဝန်ပြန်လည်ထမ်းဆောင်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ စစ်ကောင်စီ၏ အခြေခံကျသော နိုင်ငံရေး စစ်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား ယန္တရားများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိစေရေး အတွက် တာဝန်ပြန်လည် ထမ်းဆောင်ခြင်းအပေါ် လုံး၀ လက်ခံခြင်းမပြုကြရန်နှင့် လက်ခံသူ မည်သူကို မဆို စစ်ကောင်စီအား ထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ကရင်နီတပ်မတော် (KA) အပါအဝင် ပြည်နယ်တွင်းရှိ KNDFနှင့် PDF အင်အားစုများကို အကြမ်းဖက် အဖွဲ့များအဖြစ် စွပ်စွဲသတ်မှတ်ကာ ချေမှုန်း တိုက်ခိုက်ခဲ့ရာမှ ဇန်နဝါရီ ၇ရက်နေ့မှစ၍ လွိုင်ကော်မြို့ပေါ်နှင့် အခြားမြို့များပေါ် စစ်ကောင်စီ၏ ဝန်ထမ်းများအပြင် ပြည်သူလူထု အလွှာအသီးသီး၏ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာထောက်ထားခြင်းမပြုဘဲရန်သူသဖွယ်လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ထိုးစစ်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ထိုးစစ်ဆင်လာ၍ လွတ်မြောက်ရာ စစ်ဘေးရှောင်စခန်းများသို့လည်း ကောင်း၊ ပြည်နယ် ပြင်ပသို့ထွက်ခွာ၍ လည်းကောင်း စစ်ဘေးရှောင် ဦးရေ တစ်သိန်း ခုနစ်သောင်း ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟုထုတ်ပြန်ခဲ့သည်။

ယခု အခါ ပြည်နယ်၏ ယန္တရားများ ယိုယွင်း ပျက်စီးလာနေပြီဖြစ်ခြင်းကြောင့် ၎င်းတို့၏ ဝန်ထမ်းများအား မူလတာဝန်ထမ်းဆောင်ခဲ့ရာ ရာထူးအဆင့်နေရာများတွင် ပြည်လည် ထမ်းဆောင်ကြစေရန် စည်းရုံးခေါ်ယူနေခြင်းဖြစ်ရာယင်းသို့ခေါ်ယူမှုကို လက်မခံရန် ကရင်နီပြည်အစိုးရ ပြည်ထဲရေးဌာနက သတိပေးလိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။