Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် စစ်ကောင်စီဒုခေါင်းဆောင်၏ ညွှန်ကြားချက် လက်မခံကြရန် KNPP ပြည်ထဲရေးဝန်ကြီးဌာနသတိပေး

KNPP လက်အောက်တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး အပါအဝင် ဌာနဆိုင်ရာ သီးသီးကိုယခင်ကတည်းက စုဖွဲ့ထားပြီး ပြည်ထဲရေးဌာနက ယခု ကြေညာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ကရင်နီ(ကယား)ပြည်နယ်နယ်သို့ လာရောက်စဉ် ဝန်ထမ်းများ ဖေဖော်ဝါရီ ၂၅ရက်နေ့ နောက်ဆုံးထား၍ မိမိတာဝန်ထမ်းဆောင်ခဲ့ရာ မူလရာထူးအဆင့် နေရာ၌ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် ညွှန်ကြားချက်ကို လက်မခံကြရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)ကစုဖွဲ့ထားသည့် ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

KNPP လက်အောက်တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး အပါအဝင် ဌာနဆိုင်ရာ သီးသီးကိုယခင်ကတည်းက စုဖွဲ့ထားပြီး ပြည်ထဲရေးဌာနက ယခု ကြေညာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင်သည်ဖေဖော်ဝါရီ ၃ရက်က ကရင်နီပြည် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းမြို့များသို့ ရောက်ရှိလာပြီး ပြည်နယ် စီမံခန့်ခွဲရေးကောင်စီအဖွဲ့ကို ခေါ်ယူတွေ့ ဆုံကာဝန်ထမ်းများတာဝန်ပြန်လည်ထမ်းဆောင်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ စစ်ကောင်စီ၏ အခြေခံကျသော နိုင်ငံရေး စစ်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား ယန္တရားများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိစေရေး အတွက် တာဝန်ပြန်လည် ထမ်းဆောင်ခြင်းအပေါ် လုံး၀ လက်ခံခြင်းမပြုကြရန်နှင့် လက်ခံသူ မည်သူကို မဆို စစ်ကောင်စီအား ထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ကရင်နီတပ်မတော် (KA) အပါအဝင် ပြည်နယ်တွင်းရှိ KNDFနှင့် PDF အင်အားစုများကို အကြမ်းဖက် အဖွဲ့များအဖြစ် စွပ်စွဲသတ်မှတ်ကာ ချေမှုန်း တိုက်ခိုက်ခဲ့ရာမှ ဇန်နဝါရီ ၇ရက်နေ့မှစ၍ လွိုင်ကော်မြို့ပေါ်နှင့် အခြားမြို့များပေါ် စစ်ကောင်စီ၏ ဝန်ထမ်းများအပြင် ပြည်သူလူထု အလွှာအသီးသီး၏ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာထောက်ထားခြင်းမပြုဘဲရန်သူသဖွယ်လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ထိုးစစ်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ထိုးစစ်ဆင်လာ၍ လွတ်မြောက်ရာ စစ်ဘေးရှောင်စခန်းများသို့လည်း ကောင်း၊ ပြည်နယ် ပြင်ပသို့ထွက်ခွာ၍ လည်းကောင်း စစ်ဘေးရှောင် ဦးရေ တစ်သိန်း ခုနစ်သောင်း ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟုထုတ်ပြန်ခဲ့သည်။

ယခု အခါ ပြည်နယ်၏ ယန္တရားများ ယိုယွင်း ပျက်စီးလာနေပြီဖြစ်ခြင်းကြောင့် ၎င်းတို့၏ ဝန်ထမ်းများအား မူလတာဝန်ထမ်းဆောင်ခဲ့ရာ ရာထူးအဆင့်နေရာများတွင် ပြည်လည် ထမ်းဆောင်ကြစေရန် စည်းရုံးခေါ်ယူနေခြင်းဖြစ်ရာယင်းသို့ခေါ်ယူမှုကို လက်မခံရန် ကရင်နီပြည်အစိုးရ ပြည်ထဲရေးဌာနက သတိပေးလိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။