Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ ဆယ်ကျော်သက် ဇနီးကို ခင်ပွန်းက ခေါင်းဖြတ်သတ်

အီရန် အာဏာပိုင်တွေက အခု လူသတ်မှုဟာ ဂုဏ်သိက္ခာအတွက် ကွပ်မျက်ခြင်းလို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ ဂုဏ်သိက္ခာအတွက် ကွပ်မျက်ခြင်း ဆိုတာက မိသားစုကို အရှက်ရစေတယ်ဆိုတဲ့ စွပ်စွဲချက် တစ်ခုခုအတွက် အမျိုးသမီးတွေကို ခင်ပွန်း၊ ဖခင်၊ အစ်ကိုမောင် စသူတွေက သတ်ဖြတ်တာမျိုးကို ဆိုလိုတာပါ။

ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် တစ်ဦးကို ခင်ပွန်းဖြစ်သူက ခေါင်းဖြတ်သတ်လိုက်တဲ့ သတင်းဟာ အီရန် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်နိုင်ငံ အနောက်ပိုင်း၊ ခူဇီစတန် ပြည်နယ်မှာ အခုလို စက်ဆုပ်စရာ မှုခင်းမျိုး ပေါ်ပေါက်ခဲ့တာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်က အီရန်မှာ လိင်ခွဲခြား နှိမ့်ချမှုကို အခြေခံတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လေ့ ရှိတဲ့ အခြေအနေ အပေါ်မှာလည်း မေးခွန်းထုတ်မှုတွေ တကျော့ပြန် မြင့်တက်လာစေပါတယ်။

အီရန် အာဏာပိုင်တွေက အခု လူသတ်မှုဟာ ဂုဏ်သိက္ခာအတွက် ကွပ်မျက်ခြင်းလို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ ဂုဏ်သိက္ခာအတွက် ကွပ်မျက်ခြင်း ဆိုတာက မိသားစုကို အရှက်ရစေတယ်ဆိုတဲ့ စွပ်စွဲချက် တစ်ခုခုအတွက် အမျိုးသမီးတွေကို ခင်ပွန်း၊ ဖခင်၊ အစ်ကိုမောင် စသူတွေက သတ်ဖြတ်တာမျိုးကို ဆိုလိုတာပါ။

အီရန်က အင်တာနက် သုံးစွဲသူတွေကြား ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ခင်ပွန်းဖြစ်သူ ဆာဂျစ် ဟေဒါရီဟာ အသက် ၁၇ နှစ်အရွယ် ဇနီးရဲ့ ခေါင်းပြတ်ကြီးကို ကိုင်ရင်း ခပ်ပြုံးပြုံး လမ်းလျှောက်နေတာ တွေ့ရပါတယ်။ ဗီဒီယိုထဲမှာ ဟေဒါရီက လက်တစ်ဖက်မှာ ခေါင်းပြတ်ကို ကိုင်ပြီး တခြား လက်တစ်ဖက်မှာတော့ ဓားတစ်ချောင်းကို ကိုင်ထားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ မိန်းကလေးရဲ့ နာမည်ကို မိုနာလို့သာ IRNA သတင်းဌာနက ဖော်ပြထားပြီး Fars သတင်းဌာနမှာတော့ ဂါဇဲလ်ဆိုတဲ့ နာမည် သုံးနှုန်းထားပါတယ်။ မိန်းကလေးဟာ အသက် ၁၂ နှစ် အရွယ်မှာတင် ဟေဒါရီနဲ့ လက်ထပ်ပေးတာ ခံရပြီး အဲဒီအချိန်မှာ ဟေဒါရီရဲ့ အသက်က ဘယ်လောက်လဲဆိုတာ အတည် မပြုနိုင်ကြောင်း CNN သတင်းဌာနက ဆိုပါတယ်။

မိန်းကလေးဟာ လွန်ခဲ့တဲ့ ၄ လလောက်ကတော့ တူရကီကို ထွက်ပြေးသွားခဲ့ပြီး နောက်ကျမှ ခင်ပွန်းသည်နဲ့ မိသားစုက သူ့ကို အီရန် ပြန်လာဖို့ သွေးဆောင် စည်းရုံးတာကို ယုံကြည် လက်ခံလိုက်မိပါတယ်။ အီရန်ကို သူပြန်ရောက်လာပြီး မကြာခင်မှာပဲ အခုလို ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လောလောဆယ်တော့ ဟေဒါရီရယ်၊ ဒီရာဇဝတ်မှုကို ကျူးလွန်ရာမှာ ကြံရာပါအဖြစ် ကူညီခဲ့တဲ့ ညီဖြစ်သူရယ်ကို ဖမ်းဆီးထားကြောင်း အီရန် အစိုးရ ရှေ့နေ အက်ဘက်စ် ဟိုဆာနီ ပူယာက ပြောပါတယ်။ ဗီဒီယိုကို ရိုက်ကူးပေးပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့သူကိုလည်း ဖမ်းဆီးဖွယ် ရှိတယ်လို့ သူက ဆိုတယ်။

အီရန် အစိုးရဟာ အမျိုးသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှုတွေ ကျူးလွန်နေခြင်းက ကာကွယ် တားဆီးပေးမယ့် ဥပဒေ မူကြမ်းတစ်ခုကို ဆိုင်းငံ့ထားပေမယ့် အခုဖြစ်စဉ်ကြောင့် ပြန်လည် သုံးသပ်ဖို့ ဖိအားပေး ခံနေရပါတယ်။ အဲဒီ ဥပဒေကြမ်းကလည်း ရှိရင်းစွဲ အခြေအနေတွေနဲ့ ယှဉ်လိုက်ရင် အပေါင်းလက္ခဏာဆန်တဲ့ အချက်အလက်တွေ ပါဝင်လာပေမယ့် အမျိုးသမီးတွေရဲ့ ဘဝကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့တော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးကြောင်း ဥပဒေရေးရာ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု တစ်ခုကို ဇွန်လ ၁၄ ရက်နေ့မှာ လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။