Connect with us

Hi, what are you looking for?

News

PDF-CEUနှင့်ABSDF ပူး​ပေါင်း၍ တမူးမြို့ မီးသတ်ရုံးအနီးစစ်​ကောင်စီတပ်ကိုတိုက်ခိုက်စစ်သား၃ဦး​သေ

“မိုင်းခွဲခံရပြီးတော့ သူတို့လဲ အနီးအနားမှာရှိတဲ့အိမ်ကို အကြောင်းမဲ့မီးရှို့လိုက်တာပဲ။ အဲ့အိမ်က သာမန်ပြည်သူအိမ်ပါ”ဟု ဒေသခံတစ်ဦးကပြောသည်။ထိုသို့ ပြည်သူများ၏​နေအိမ်ပစ္စည်းများမီးရှို့ဖျက်ဆီးမှုအပေါ် လက်တုန့်ပြန်သွားမည်ဟုလည်းထုတ်ပြန်ထားသည်။

●စစ်​ကောင်စီတပ်ကအိမ်တစ်လုံးနှင့်ဂို​ဒေါင်ကိုမီးရှို့ ၊ပြည်သူ့​နေအိမ်များမီးရှို့ဖျက်ဆီးခဲ့မှုအတွက်လက်တုံ့ပြန်မည်

စစ်ကိုင်းတိုင်း၊တမူးမြို့ နန်းဖာလုံ၊ မီးသတ်ရုံးအနီးတွင်အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ (PDF-CEU)နှင့် ABSDFတို့ကပူး​ပေါင်း၍ယမန့်နေညနေ ၅ နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း PDF-CEUကယနေ့ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်မှ သုံးဦး​သေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့်ABSDF တပ်ဖွဲ့ဝင်များအထိ့အခိုက်အကျအဆုံးမရှိခဲ့​ပေ။ထိုတိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တစ်လုံးနှင့်ဆောက်လုပ်ရေးဂိုဒေါင်တစ်လုံး မီးရှို့ဖျက်ဆီးခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုမှာ PDF-CEU အတွက် တတိယအကြိမ်အကြမ်းဖက်စစ်​ကောင်စီအ​ပေါ်တိုက်ခိုက်မှုဖြစ်ပြီးABSDF နှင့် ဒုတိယအကြိမ်ပူး​ပေါင်းစစ်ဆင်​ရေးဖြစ်​ကြောင်း PDF-CEU မှတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“မိုင်းခွဲခံရပြီးတော့ သူတို့လဲ အနီးအနားမှာရှိတဲ့အိမ်ကို အကြောင်းမဲ့မီးရှို့လိုက်တာပဲ။ အဲ့အိမ်က သာမန်ပြည်သူအိမ်ပါ”ဟု ဒေသခံတစ်ဦးကပြောသည်။ထိုသို့ ပြည်သူများ၏​နေအိမ်ပစ္စည်းများမီးရှို့ဖျက်ဆီးမှုအပေါ် လက်တုန့်ပြန်သွားမည်ဟုလည်းထုတ်ပြန်ထားသည်။

“တမူးမြို့ပြည်သူတွေသတင်းစကားပါးချင်တာက ကျွန်​တော်တို့တိုက်ခိုက်မှုအပြီးမှာ နေအိမ် အဆောက်အဦးတွေမီးရှို့ဖျက်ဆီးခံရတာ စိတ်မကောင်းဖြစ်မိပါတယ်။.အဲ့အတွက်လဲ လက်တုန့်ပြန်တိုက်ခိုက်ဖို့ရှိပါတယ်။ပြည်သူတွေပူးပေါင်းဆောင်ရွက်ပေးကြတာလဲဝမ်းသာပါတယ်။မလိုအပ်ပဲနေအိမ်ပြင်ပမှာ တပ်ဆင်ထားတဲ့ CCTV တွေဖြုတ်ထားပေးကြဖို့လဲတောင်းဆိုချင်ပါတယ်။စစ်အာဏာရှင်အမြစ်ပြတ်သည်အထိတိုက်ပွဲဝင်သွားပါမယ်” ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် – စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့
မှတာ​ဝန်ရှိသူက ပြောသည်။

PDF-CEUနှင့် ABSDF ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်ကလည်းတမူးမြို့ပေါ်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မူတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။