Connect with us

Hi, what are you looking for?

LuduNwayOo

News

နေပြည်​တော် ပျဥ်းမနားမြို့ရှိ ​ထွေအုပ်ရုံး၊ ကြံ့ခိုင်​ရေးရုံးနှင့်မြဝတီဘဏ်တို့ကို မဟာမိတ်တပ်​ပေါင်းစု တိုက်ခိုက်စစ်​ကောင်စီတပ်သုံးဦး​သေဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးလုံခြုံ​ရေးမြှင့်ထားကာ ဗိုလ်ရှု့သဘင်ကိုနေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အထက်ပါ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နေပြည်​တော် ပျဥ်းမနားမြို့ရှိ ထွေအုပ်ရုံး၊ ကြံ့ခိုင်ရေးရုံးနှင့် စစ်တပ်ပိုင် မြဝတီဘဏ်တို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်​ပေါင်းစုများက ပူး​ပေါင်းတိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့​ကြောင်း နေပြည်​တော်မြို့ပြ​ပြောက်ကျားမဟာမိတ်တပ်​ပေါင်းစုက ယ​နေ့ သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးလုံခြုံ​ရေးမြှင့်ထားကာ ဗိုလ်ရှု့သဘင်ကိုနေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အထက်ပါ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် ပျဉ်းမနားမြို့ရှိ ယောက်သွားအင်းထွေအုပ်ရုံးကို နံနက် ၁၁နာရီ ၃၀မိနစ်တွင် ​နေပြည်​တော် မြို့ပြ​ပြောက်ကျားမဟာမိတ်တပ်​ပေါင်းစုက(၇၉)ဗုံးပစ်လောင်ချာဖြင့်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က သုံးဦးသုတ်သင်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် နေ့လယ် ၁၂နာရီနှင့် ၁၂နာရီ ၁၅မိနစ်တွင်ပျဉ်းမနားမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနှင့် မြ၀တီဘဏ်တို့ကို လည်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟုမဟာမိတ်တပ်​ပေါင်းစုက သတင်းထုတ်ပြန်သည်။အထက်ပါပစ်မှတ်နေရာသုံးခုကို ၄၅မိနစ်ခန့်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နေပြည်တော်တွင် စစ်ကောင်စီ၏ ပစ်မှတ်နေရာများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်​ပေါင်းစုများက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်ညကလည်း နေပြည်တော်ဇဗ္ဗူသီရိ အမှတ်(၃)ရဲစခန်း၊ ပျဉ်းမနားမြို့ဂွကြားရပ်ကွက်(ဘိုးဘွာရိပ်သာအနီး)ရှိရေနံသိုလှောင်ရုံနှင့် တပ်ကုန်းမြို့မဈေးအနီးဝန်းကျင်ကို တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။