Connect with us

Hi, what are you looking for?

News

နေပြည်​တော် ပျဥ်းမနားမြို့ရှိ ​ထွေအုပ်ရုံး၊ ကြံ့ခိုင်​ရေးရုံးနှင့်မြဝတီဘဏ်တို့ကို မဟာမိတ်တပ်​ပေါင်းစု တိုက်ခိုက်စစ်​ကောင်စီတပ်သုံးဦး​သေဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးလုံခြုံ​ရေးမြှင့်ထားကာ ဗိုလ်ရှု့သဘင်ကိုနေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အထက်ပါ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နေပြည်​တော် ပျဥ်းမနားမြို့ရှိ ထွေအုပ်ရုံး၊ ကြံ့ခိုင်ရေးရုံးနှင့် စစ်တပ်ပိုင် မြဝတီဘဏ်တို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်​ပေါင်းစုများက ပူး​ပေါင်းတိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့​ကြောင်း နေပြည်​တော်မြို့ပြ​ပြောက်ကျားမဟာမိတ်တပ်​ပေါင်းစုက ယ​နေ့ သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီးလုံခြုံ​ရေးမြှင့်ထားကာ ဗိုလ်ရှု့သဘင်ကိုနေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အထက်ပါ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် ပျဉ်းမနားမြို့ရှိ ယောက်သွားအင်းထွေအုပ်ရုံးကို နံနက် ၁၁နာရီ ၃၀မိနစ်တွင် ​နေပြည်​တော် မြို့ပြ​ပြောက်ကျားမဟာမိတ်တပ်​ပေါင်းစုက(၇၉)ဗုံးပစ်လောင်ချာဖြင့်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က သုံးဦးသုတ်သင်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် နေ့လယ် ၁၂နာရီနှင့် ၁၂နာရီ ၁၅မိနစ်တွင်ပျဉ်းမနားမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနှင့် မြ၀တီဘဏ်တို့ကို လည်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟုမဟာမိတ်တပ်​ပေါင်းစုက သတင်းထုတ်ပြန်သည်။အထက်ပါပစ်မှတ်နေရာသုံးခုကို ၄၅မိနစ်ခန့်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နေပြည်တော်တွင် စစ်ကောင်စီ၏ ပစ်မှတ်နေရာများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်​ပေါင်းစုများက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်ညကလည်း နေပြည်တော်ဇဗ္ဗူသီရိ အမှတ်(၃)ရဲစခန်း၊ ပျဉ်းမနားမြို့ဂွကြားရပ်ကွက်(ဘိုးဘွာရိပ်သာအနီး)ရှိရေနံသိုလှောင်ရုံနှင့် တပ်ကုန်းမြို့မဈေးအနီးဝန်းကျင်ကို တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။