Connect with us

Hi, what are you looking for?

News

စစ်တပ်ကျူးလွန်နေသော အကြမ်းဖက်မှုများကို အရေးယူနိုင်မည့်နည်းလမ်းရှာဖွေရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတိုက်တွန်း

ထို့အပြင် စစ်တပ်သည် လွန်ခဲ့သောနှစ်အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ပြည်သူများ ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ လူသားမဆန်သောပြစ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ကောင်စီ၌ အစီရင်ခံသည်။

မြန်မာစစ်တပ်ကျူးလွန်နေသော အကြမ်းဖက်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်ကာ အရေးယူနိုင်မည့်နည်းလမ်းရှာဖွေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံတိုက်တွန်းသည်။

နိုင်ငံတကာအသိုက်အဝန်းက ​မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အပြင်းထန်ဆုံးရှုတ်ချသင့်ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း တရားဥပဒေအရ အရေးယူသင့်ကြောင်း ဖေဖော်ဝါရီ ၁၄ရက်တွင် ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး၌ မြန်မာသံအမတ်ကြီးက ထပ်မံတိုက်တွန်းသည်။

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က မအောင်မြင်သော နိုင်ငံတော်အာဏာ မတရားသိမ်းမှု ပြုလုပ်ခဲ့သည့်အချိန်မှစ၍ မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုမြောက်များစွာကို ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်ခဲ့ပြီး ကုလသမဂ္ဂ၏ IIMM၏ ထုတ်ပြန်ချက်များအရ စစ်တပ်၏ အကြမ်းဖက်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုပင်မြောက်နိုင်သည်ဟု ထုတ်ဖော်ပြောကြားထားကြောင်း သံအမတ်ကြီးက လုံခြုံရေးကောင်စီကို တင်ပြသည်။

ထို့အပြင် စစ်တပ်သည် လွန်ခဲ့သောနှစ်အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ပြည်သူများ ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ လူသားမဆန်သောပြစ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ကောင်စီ၌ အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

ဥပမာတစ်ခုအနေဖြင့် ၂၀၂၁ဒီဇင်ဘာ၅ရက်တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများကို စစ်တပ်က နောက်ကျောမှ ကားဖြင့် ဝင်တိုက်ခဲ့ရာ ပြည်သူ ၅ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယင်းဖြစ်စဉ်သည် စစ်တပ်က လူမြင်ကွင်းတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းလင်းသည်။

ယင်းသို့​သော အကြမ်းဖက်မှုကို တရားဥပဒေစိုးမိုးရေး အတွက် ဖော်ဆောင်နေသည်ဟုဆိုသော တပ်ဖွဲ့ဝင်များက ကျူးလွန်နေသည်ကို မြင်တွေ့ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook