စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် ငြိမ်းချမ်းစွာပြည်သူ့အာဏာအာဏာဖီဆန်မှု( CDM)ပြုလုပ်ထားသော ကျောင်းဆရာမနှစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ (ဖေဖော်ဝါရီ ၁၇)တွင် ဖမ်းဆီးသွားပြီး ဒေသခံများက ပြောသည်။
“PDFတွေရဲ့ တိုက်ခိုက်ခံနေရတော့ အရပ်သားတွေကို လာမဲနေတာ။ မသက်ာရင် ဖမ်းတယ်။ CDM တွေကိုလည်း လိုက်ဖမ်းနေတယ်။ CDM ဝန်ထမ်းတွေ သတိပိုရှိကြပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက်က ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦးမှာ ဆရာမဒေါ်ခင်လှနှင့် ဒေါ်ခင်ချိုလတ်ဖြစ်သည်။နှစ်ဦးစလုံးတွင် အပြစ်မရှိ၍ ပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆိုကြသည်။
အင်းတော်မြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Indaw PDFသည် ဒေသတွင်းမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည်။ ထို့ပြင် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့(Tiger Army)ကိုလည်း ထပ်မံဖွဲ့စည်းထားသည်။

Public Service Announcement
ယခုရက်ပိုင်း ထိပ်တိုက်တိုက်ပွဲများ မဖြစ်သော်လည်း စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကင်းပုန်းများချကာ စစ်ဆေးရေးတင်းကျပ်ထား သည်ဟု အင်တော် PDFအဖွဲ့ ဝင်တစ်ဦးက ပြောသည်။


















































