Connect with us

Hi, what are you looking for?

News

အင်း​တော်တွင် CDM ဆရာမနှစ်ဦး ဖမ်းဆီးခံရ

“PDFတွေရဲ့ တိုက်ခိုက်ခံနေရတော့ အရပ်သားတွေကို လာမဲနေတာ။ မသက်ာရင် ဖမ်းတယ်။ CDM တွေကိုလည်း လိုက်ဖမ်းနေတယ်။ CDM ဝန်ထမ်းတွေ သတိပိုရှိကြပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် ငြိမ်းချမ်းစွာပြည်သူ့အာဏာအာဏာဖီဆန်မှု( CDM)ပြုလုပ်ထား​သော ကျောင်းဆရာမနှစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ (ဖေဖော်ဝါရီ ၁၇)တွင် ဖမ်းဆီးသွားပြီး ဒေသခံများက ​ပြောသည်။

“PDFတွေရဲ့ တိုက်ခိုက်ခံနေရတော့ အရပ်သားတွေကို လာမဲနေတာ။ မသက်ာရင် ဖမ်းတယ်။ CDM တွေကိုလည်း လိုက်ဖမ်းနေတယ်။ CDM ဝန်ထမ်းတွေ သတိပိုရှိကြပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်က ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦးမှာ ဆရာမဒေါ်ခင်လှနှင့် ဒေါ်ခင်ချိုလတ်ဖြစ်သည်။နှစ်ဦးစလုံးတွင် အပြစ်မရှိ၍ ပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆို​ကြသည်။

အင်းတော်မြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Indaw PDFသည် ဒေသတွင်းမဟာမိတ်အဖွဲ့များနှင့် ပူး​ပေါင်း၍ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည်။ ထို့ပြင် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး ​ပြောက်ကျား တပ်ဖွဲ့(Tiger Army)ကိုလည်း ထပ်မံဖွဲ့စည်းထားသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်း ထိပ်တိုက်တိုက်ပွဲများ မဖြစ်သော်လည်း စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကင်းပုန်းများချကာ စစ်ဆေးရေးတင်းကျပ်ထား သည်ဟု အင်​တော် PDFအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook