Connect with us

Hi, what are you looking for?

News

KNUတပ်မဟာ(၅) နယ်မြေတွင် ဇွန်လကတိုက်ပွဲရာချီဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ကျော်သေဆုံး

ဇွန်လအတွင်း၌ တိုက်ပွဲကြီးများမဖြစ်သော်လည်း စစ်ကောင်စီတပ်များကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် ဇွန်လအတွင်းက တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ကျော်သေဆုံးခဲ့ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားသည်။

KNU တပ်မဟာ(၅) က ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်စဉ်များကို ယနေ့သတင်းထုတ်ပြန်ခဲ့၍ ယင်းနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ဇွန်လအတွင်း စစ်ရေးအခြေအနေကို ပြောပြခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း၌ တိုက်ပွဲကြီးများမဖြစ်သော်လည်း စစ်ကောင်စီတပ်များကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားရာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၅၆ဦး၊ ဒဏ်ရာရသူ ၁၁၇ဦး ရှိကြောင်း ၎င်းကဆိုသည်။ KNLA ဘက်ကလည်း ကျဆုံးသူနှင့် ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး KNLA ဘက်က ကျဆုံးသူ နည်းပါးခြင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်သည့် ပုံစံကြောင့်ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ဇူလိုင်တွင်လည်း တစ်ပွဲများ တစ်ရက်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပုံမှန်ဖြစ်ပွားလျက်ရှိသည်ဟု ၎င်း ကဆိုသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မှုမရှိ၍ ၎င်းတို့ တပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

KNU တပ်မဟာ(၅) ဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲဖြစ်ပွားမှုများ ပိုမိုများပြားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။