Connect with us

Hi, what are you looking for?

LuduNwayOo

News

KNUတပ်မဟာ(၅) နယ်မြေတွင် ဇွန်လကတိုက်ပွဲရာချီဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ကျော်သေဆုံး

ဇွန်လအတွင်း၌ တိုက်ပွဲကြီးများမဖြစ်သော်လည်း စစ်ကောင်စီတပ်များကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် ဇွန်လအတွင်းက တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ကျော်သေဆုံးခဲ့ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားသည်။

KNU တပ်မဟာ(၅) က ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်စဉ်များကို ယနေ့သတင်းထုတ်ပြန်ခဲ့၍ ယင်းနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ဇွန်လအတွင်း စစ်ရေးအခြေအနေကို ပြောပြခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း၌ တိုက်ပွဲကြီးများမဖြစ်သော်လည်း စစ်ကောင်စီတပ်များကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားရာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၅၆ဦး၊ ဒဏ်ရာရသူ ၁၁၇ဦး ရှိကြောင်း ၎င်းကဆိုသည်။ KNLA ဘက်ကလည်း ကျဆုံးသူနှင့် ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး KNLA ဘက်က ကျဆုံးသူ နည်းပါးခြင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်သည့် ပုံစံကြောင့်ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ဇူလိုင်တွင်လည်း တစ်ပွဲများ တစ်ရက်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပုံမှန်ဖြစ်ပွားလျက်ရှိသည်ဟု ၎င်း ကဆိုသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မှုမရှိ၍ ၎င်းတို့ တပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

KNU တပ်မဟာ(၅) ဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲဖြစ်ပွားမှုများ ပိုမိုများပြားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။