Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန် YBSယာဥ်စီးခ ၄၀၀ကျပ်အထိတောင်းလာ

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သာ ကုမ္ပဏီ (YUPT)၏ YBS ယာဉ်လိုင်းများသည် ဂိတ်စ ၊ ဂိတ်ဆုံးခရီးစဥ် ၂၀၀ကျပ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ၄၀၀ကျပ် ကောက်ခံနေခြင်းဖြစ်ပြီး တရားဝင်ကြေညာခြင်းမရှိဘဲ ကောက်ခံနေခြင်းမှာ မဖြစ်သင့်ကြောင်း ခရီးသွားများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပျက်စီးလာသည့်စနစ်များအနက် ရန်ကုန်မြို့ရှိ YBSယာဉ်လိုင်းများလည်း တစ်ခုအပါအဝင်ဖြစ်ရာ လက်ရှိတွင် ယာဉ်စီးခတိုးမြှင့်ကောက်ခံနေသောကြောင့် အခက်အခဲများဖြစ်ကြောင်း အဆိုပါမြို့နေခရီးသွားပြည်သူများက ပြောသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သာ ကုမ္ပဏီ (YUPT)၏ YBS ယာဉ်လိုင်းများသည် ဂိတ်စ ၊ ဂိတ်ဆုံးခရီးစဥ် ၂၀၀ကျပ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ၄၀၀ကျပ် ကောက်ခံနေခြင်းဖြစ်ပြီး တရားဝင်ကြေညာခြင်းမရှိဘဲ ကောက်ခံနေခြင်းမှာ မဖြစ်သင့်ကြောင်း ခရီးသွားများက ပြောသည်။

“ပြည်သူတွေညီကြရအောင်ဒီတစ်ခေါက်တော့ ။ သူတို့သုံးရာကောက်တုန်းက ငြိမ်ခံပေးနေတာ ခွေးသားတွေက လူပါးပိုဝလာပြီး။ ခုလေးရာ နောက်ဆိုငါးရာပါဆက်ကောက်မှာ ။ ဒီလိုသူခိုးတွေကို ခုကစပြီးနှိမ်နင်းကြမယ်။ ဘယ်သူဖြစ်ဖြစ်ကိုယ်စီးတဲ့ကားက လေးရာလာတောင်းရင်မပေးပါနဲ့။ နှစ်ရာပဲပေးပါ။ မကျေနပ်လို့ပြဿနာ လာရှာရင် ရုံးထိသွားရှင်းဖို့ စိန်ခေါ်လိုက်ပါ” ဟု YBS စီးနင်းသူတစ်ဦးက YBS လမ်းညွှန် Group၌ ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြေးဆွဲနေသည့် YBSယာဥ်လိုင်းကုမ္ပဏီ ၁၀ခုကျော်ရှိပြီး ယင်းကုမ္ပဏီများအနက် YUPT ၏ YBS ယာဥ်လိုင်းများဖြစ်သည့် ၂၊ ၃ ၊ ၄ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၅ ၊ ၁၇ ၊ ၂၄ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ၊ ၃၆ ၊ ၄၀ ၊ ၅၉ ၊ ၆၅ ၊ ၈၄ စသည့်ယာဥ်လိုင်းများသည် ယာဥ်စီးခတိုးမြှင့်ကောက်ခံနေကြောင်း ခရီးသွားများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“စာတွေဘာတွေထပ်ထားတာတော့ မရှိဘူး။ ကားပေါ်တတ်တော့ သမိုင်းကျော်ရင် လေးရာလို့ ဒရိုင်ဘာက အော်နေတာ”ဟု တာမွေမြို့နယ်မှ YBS -65 စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောသည်။

အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ YUPT ကုမ္ပဏီထံဆက်သွယ်မေးမြန်းရာ ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ကောက်ခံရန် ညွှန်ကြားထားကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC) ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းတို့ အနေဖြင့် ညွှန်ကြားထားခြင်းမရှိဘဲ ယာဥ်စီးခတိုးမြှင့်ကောက်ခံကြောင်း တိုင်ကြားမှုများရှိသောကြောင့် သက်ဆိုင်ရာကုမ္ပဏီများကို အကြောင်းကြား ထားကြောင်း ပြောသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ယာဥ်စီးခတိုးမြှင့်ကောက်သည်ကိုကြုံရပါက ကားနံပါတ်၊ အချိန် ၊ လမ်းကြောင်းတို့ကိုမှတ်သား၍ တိုင်ကြားပါက အရေးယူဆောင်ရွက်မှုများပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

YBS ယာဥ်လိုင်းအများစုသည် အာဏာသိမ်းခံရပြီးသည့်နောက်တွင် ယာဥ်စီးခများကို ကျပ် ၃၀၀သို့ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် YURT ၏ ယာဥ်များက ဂိတ်စ၊ ဂိတ်ဆုံးကို ၄၀၀ ကျပ် အထိကောက်ခံနေခြင်းဖြစ်သည်။

ထို့အပြင် ခရီးသည်တင်လိုင်းမဟုတ်ဘဲ အောက်ဆိုက်ပြေးဆွဲနေသည့် ယာဥ်များလည်း အများအပြား ထွက်ပေါ်လာရာ အဆိုပါယာဥ်များက တစ်ဦးလျှင် ၅၀၀ကျပ်အထိ တောင်းခံပြေးနေဆွဲနေကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဥ် YBS အစီးရေ ၁၀၀ကျော်ပြေးဆွဲနေပြီး ခရီးသည် ငါးသိန်းကျော် စီးနင်းသွားလာလျက်ရှိကြောင်း YRTC၏ ထုတ်ပြန် ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။