Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန် YBSယာဥ်စီးခ ၄၀၀ကျပ်အထိတောင်းလာ

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သာ ကုမ္ပဏီ (YUPT)၏ YBS ယာဉ်လိုင်းများသည် ဂိတ်စ ၊ ဂိတ်ဆုံးခရီးစဥ် ၂၀၀ကျပ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ၄၀၀ကျပ် ကောက်ခံနေခြင်းဖြစ်ပြီး တရားဝင်ကြေညာခြင်းမရှိဘဲ ကောက်ခံနေခြင်းမှာ မဖြစ်သင့်ကြောင်း ခရီးသွားများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပျက်စီးလာသည့်စနစ်များအနက် ရန်ကုန်မြို့ရှိ YBSယာဉ်လိုင်းများလည်း တစ်ခုအပါအဝင်ဖြစ်ရာ လက်ရှိတွင် ယာဉ်စီးခတိုးမြှင့်ကောက်ခံနေသောကြောင့် အခက်အခဲများဖြစ်ကြောင်း အဆိုပါမြို့နေခရီးသွားပြည်သူများက ပြောသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သာ ကုမ္ပဏီ (YUPT)၏ YBS ယာဉ်လိုင်းများသည် ဂိတ်စ ၊ ဂိတ်ဆုံးခရီးစဥ် ၂၀၀ကျပ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ၄၀၀ကျပ် ကောက်ခံနေခြင်းဖြစ်ပြီး တရားဝင်ကြေညာခြင်းမရှိဘဲ ကောက်ခံနေခြင်းမှာ မဖြစ်သင့်ကြောင်း ခရီးသွားများက ပြောသည်။

“ပြည်သူတွေညီကြရအောင်ဒီတစ်ခေါက်တော့ ။ သူတို့သုံးရာကောက်တုန်းက ငြိမ်ခံပေးနေတာ ခွေးသားတွေက လူပါးပိုဝလာပြီး။ ခုလေးရာ နောက်ဆိုငါးရာပါဆက်ကောက်မှာ ။ ဒီလိုသူခိုးတွေကို ခုကစပြီးနှိမ်နင်းကြမယ်။ ဘယ်သူဖြစ်ဖြစ်ကိုယ်စီးတဲ့ကားက လေးရာလာတောင်းရင်မပေးပါနဲ့။ နှစ်ရာပဲပေးပါ။ မကျေနပ်လို့ပြဿနာ လာရှာရင် ရုံးထိသွားရှင်းဖို့ စိန်ခေါ်လိုက်ပါ” ဟု YBS စီးနင်းသူတစ်ဦးက YBS လမ်းညွှန် Group၌ ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြေးဆွဲနေသည့် YBSယာဥ်လိုင်းကုမ္ပဏီ ၁၀ခုကျော်ရှိပြီး ယင်းကုမ္ပဏီများအနက် YUPT ၏ YBS ယာဥ်လိုင်းများဖြစ်သည့် ၂၊ ၃ ၊ ၄ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၅ ၊ ၁၇ ၊ ၂၄ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ၊ ၃၆ ၊ ၄၀ ၊ ၅၉ ၊ ၆၅ ၊ ၈၄ စသည့်ယာဥ်လိုင်းများသည် ယာဥ်စီးခတိုးမြှင့်ကောက်ခံနေကြောင်း ခရီးသွားများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“စာတွေဘာတွေထပ်ထားတာတော့ မရှိဘူး။ ကားပေါ်တတ်တော့ သမိုင်းကျော်ရင် လေးရာလို့ ဒရိုင်ဘာက အော်နေတာ”ဟု တာမွေမြို့နယ်မှ YBS -65 စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောသည်။

အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ YUPT ကုမ္ပဏီထံဆက်သွယ်မေးမြန်းရာ ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ကောက်ခံရန် ညွှန်ကြားထားကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC) ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းတို့ အနေဖြင့် ညွှန်ကြားထားခြင်းမရှိဘဲ ယာဥ်စီးခတိုးမြှင့်ကောက်ခံကြောင်း တိုင်ကြားမှုများရှိသောကြောင့် သက်ဆိုင်ရာကုမ္ပဏီများကို အကြောင်းကြား ထားကြောင်း ပြောသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ယာဥ်စီးခတိုးမြှင့်ကောက်သည်ကိုကြုံရပါက ကားနံပါတ်၊ အချိန် ၊ လမ်းကြောင်းတို့ကိုမှတ်သား၍ တိုင်ကြားပါက အရေးယူဆောင်ရွက်မှုများပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

YBS ယာဥ်လိုင်းအများစုသည် အာဏာသိမ်းခံရပြီးသည့်နောက်တွင် ယာဥ်စီးခများကို ကျပ် ၃၀၀သို့ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် YURT ၏ ယာဥ်များက ဂိတ်စ၊ ဂိတ်ဆုံးကို ၄၀၀ ကျပ် အထိကောက်ခံနေခြင်းဖြစ်သည်။

ထို့အပြင် ခရီးသည်တင်လိုင်းမဟုတ်ဘဲ အောက်ဆိုက်ပြေးဆွဲနေသည့် ယာဥ်များလည်း အများအပြား ထွက်ပေါ်လာရာ အဆိုပါယာဥ်များက တစ်ဦးလျှင် ၅၀၀ကျပ်အထိ တောင်းခံပြေးနေဆွဲနေကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဥ် YBS အစီးရေ ၁၀၀ကျော်ပြေးဆွဲနေပြီး ခရီးသည် ငါးသိန်းကျော် စီးနင်းသွားလာလျက်ရှိကြောင်း YRTC၏ ထုတ်ပြန် ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။