Connect with us

Hi, what are you looking for?

News

ICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နယ်သာလန်ကိုသွား

မနေ့က ထွက်ခွာသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်တယ်လို့သိရပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်က ICJ တရားရုံး

◾️ ICJ မှာ စစ်ကောင်စီ က ကိုယ်စားပြု တက်ရောက်တာကို NUG ဘက်က ကန့်ကွက်စာပို့ထား

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ )မှာ တရားစွဲခံရတဲ့အမှုကို ရင်ဆိုင်ဖို့ အတွက် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ကို ထွက်ခွာသွားပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ထွက်ခွာသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကတော့ အွန်လိုင်းကနေတဆင့် ကြားနာပွဲ တက်ရောက်မှာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဂမ်ဘီယာက စွဲဆိုထားတဲ့ ဒီအမှုကို လာမယ့် တနင်္လာနေ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ စတင်ကာ ဖေဖော်ဝါရီလ ၂၈ အထိ ဒုတိယအကြိမ်မြောက်အဖြစ် စတင်ကြားနာမှာဖြစ်ပါတယ်။

ဒုတိယအကြိမ်ကြားနာမှုမှာ တက်ရောက်ဖို့ အတွက် NUG နဲ့ စစ်ကောင်စီဟာ ကိုယ်စားလှယ်အဖွဲ့ကိုအပြိုင်တင်သွင်းထားခဲ့ကြတာပါ။

၂၀၁၉ ခုနှစ် ပထမအကြိမ် ကြားနာစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရုံးကိုမတက်ရောက်နိုင်ရင် ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားတာဖြစ်ပါတယ်။

ICJ အမှုဟာ မြန်မာနိုင်ငံကိုစွဲဆိုတာဖြစ်တဲ့အတွက် စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်တာကြောင့် NUG ကသာ တရားရုံးမှာ ကိုယ်စားပြုခွင့်ရသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောထားတာရှိပါတယ်။

ဒါ့အပြင် ICJ မှာ စစ်ကောင်စီ က ကိုယ်စားပြုပြီး တက်ရောက်မယ်ဆိုတာကိုလည်း NUG ဘက်က ကန့်ကွက်စာပေးပို့ထားပါသေးတယ်။

ICJ ဟာ စစ်ကောင်စီ ကို တက်ရောက်ခွင့်ပြုရင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုမှု ပိုရလာနိုင်တာကြောင့် ကန့်ကွက်မှုတွေကလည်းရှိနေပါတယ်။

ဒါပေမယ့် ICJ ဟာ စစ်ကောင်စီကို တက်ရောက်ဖို့ ဖိတ်ကြားလာတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုထားတာတွေ့ရပါတယ်။

ICJ ဟာ ကုလသမဂ္ဂရဲ့အဆင့်မြင့်ဆုံးတရားရုံးလည်းဖြစ်ပါတယ်။ကုလသမဂ္ဂမှာတော့ စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးထားပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။