Connect with us

Hi, what are you looking for?

News

စစ်အုပ်စုက ပြည်သူလူထုအပေါ် လူမဆန်စွာနှိပ်စက်နေပုံမှာ စကားလုံးများဖြင့် ဖော်မပြနိုင်အောင် အောက်တန်းကျနေဟု ဗကသများအဖွဲ့ချုပ်ထုတ်ပြန်

ဗကသရဲဘော်များသည် စစ်အာဏာရှင်စနစ်၊ မတရားမှုအပေါင်းကို တိုက်ပွဲဆင်ကတည်းက အရာရာကို စွန့်လွှတ်ခဲ့ပြီးသားဖြစ်၍ စစ်အုပ်စု၏ ဖိနှိပ်မှုများ၊ ရက်စက်မှုများက တော်လှန်ရေး ကို တစ်စက္ကန့်မျှပင် တွန့်ဆုတ်စေမည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

(လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)က ဖေဖော်ဝါရီ၁ရက်တွင် လှုပ်ရှားမှုပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ABFSU)

▪️ဗကသ အမျိုးသမီးရဲဘော်တစ်ဦးအပါအဝင် အခြားအမျိုးသမီးများ၊ အမျိုးသားများပါ စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာစော်ကားခံ​နေရ

မင်းအောင်လှိုင် စစ်အုပ်စု၏ ပြည်သူလူထုအပေါ် လူမဆန်စွာနှိပ်စက်နေပုံမှာ စကားလုံးများဖြင့် ဖော်မပြနိုင်အောင် အောက်တန်းကျနေပြီဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)က ဖေဖော်ဝါရီ ၁၉ရက်တွင် ထုတ်ပြန်သည်။

ဗကသများအဖွဲ့ချုပ်၏ အမျိုးသမီးရဲဘော်တစ်ဦးသည် မတရားဖမ်းဆီးခံရကာ စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာစော်ကားခံရပြီး ထောင်၌ တိုက်ပိတ်နှိပ်စက်ထားကြောင်း သိရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းအမျိုးသမီးရဲဘော်သာမက တခြားဖမ်းဆီးခံအမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာစော်ကားခံရသည်များရှိခဲ့ပြီး အမျိုးသားများသည်လည်း စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံရှုများရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် ပြည်တွင်း၊ပြည်ပမှ ဥပဒေဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအရေး ထောက်ခံအားပေးသူများအနေဖြင့် ယခုကဲ့သို့လိင်ပိုင်းဆိုင်ရာ စော်ကားမှု များကို ရေငုံနှုတ်ပိတ်မနေဘဲ ကူညီဆောင်ရွက်ကြရန်နှင့် အနှိပ်စက်ခံရသဖြင့် ဒဏ်ရာရရှိသူများအတွက် ဆေးကုသခွင့်ရရှိရေးကိုပါ ကူညီဆောင်ရွက်ကြရန် ဗကသများအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

ဗကသရဲဘော်များသည် စစ်အာဏာရှင်စနစ်၊ မတရားမှုအပေါင်းကို တိုက်ပွဲဆင်ကတည်းက အရာရာကို စွန့်လွှတ်ခဲ့ပြီးသားဖြစ်၍ စစ်အုပ်စု၏ ဖိနှိပ်မှုများ၊ ရက်စက်မှုများက တော်လှန်ရေး ကို တစ်စက္ကန့်မျှပင် တွန့်ဆုတ်စေမည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။