Connect with us

Hi, what are you looking for?

News

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများ

ယမန်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှချပေးသည့် စစ်လက်နက်ပစ္စည်းများကို ဖယ်ခုံ PDFက ရရှိခဲ့ကြောင်း၊ PDFက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဘက်မှရှစ်ဦးကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

▪️စစ်​ကောင်စီတပ် လက်နက်ရိက္ခာလမ်းကြောင်း ပြတ်တောက်၍ လေကြောင်းမှ ဖြည့်တင်းနေဟု လွိုင်ကော် PDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲဒေသ၌ ငါးရက်မြောက်ဖြစ်ပွားသည့် ယမန်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီအဖွဲ့ဝင်များ အကျ အဆုံးအလွန်များပြားပြီး စစ်လက်နက်ရိက္ခာတို့ ပေးပို့သည့် လမ်းကြောင်းများလည်း ပြတ်တောက်နေကြောင်း၊ သို့ရာတွင် အမိန့်အရ အထက်အာဏာရှင် လူကြီးများ၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အလို့ငှါ အသက်အရှုံးခံပြီး ဆက်တိုက်ရှေ့သို့ စစ်ကြောင်းတိုးဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်လက်နက်ရိက္ခာများ အင်အားဖြည့်တင်းခြင်း၊ စစ်ကူတိုးခြင်းတို့ကိုလည်း လေကြောင်းမှတစ်ဆင့် အဆက် မပြတ်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှချပေးသည့် စစ်လက်နက်ပစ္စည်းများကို ဖယ်ခုံ PDFက ရရှိခဲ့ကြောင်း၊ PDFက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဘက်မှရှစ်ဦးကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ တိုက်ပွဲတွင် မိုးဗြဲမြို့ ဝှာရီဆူးပလိုင်ရွာနှင့် ဝီသဲကူးရွာတစ်ဝိုက်တွင် တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှလည်း ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဖော်ပြသည်။ ယင်းအနက် လွိုင်ကော် PDFမှ နှစ်ဦး ပါဝင်ပြီး ခွဲစိတ်ကုသမှုခံယူနေကြောင်း ထုတ်ပြန်သည်။

မိုးဗြဲဒေသတွင် စစ်ကောင်စီတပ်ကို လွိုင်ကော် PDF ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်(KNDF)၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ / JPDF စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ မိုးဗြဲတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။