Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများ

ယမန်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှချပေးသည့် စစ်လက်နက်ပစ္စည်းများကို ဖယ်ခုံ PDFက ရရှိခဲ့ကြောင်း၊ PDFက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဘက်မှရှစ်ဦးကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

▪️စစ်​ကောင်စီတပ် လက်နက်ရိက္ခာလမ်းကြောင်း ပြတ်တောက်၍ လေကြောင်းမှ ဖြည့်တင်းနေဟု လွိုင်ကော် PDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲဒေသ၌ ငါးရက်မြောက်ဖြစ်ပွားသည့် ယမန်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီအဖွဲ့ဝင်များ အကျ အဆုံးအလွန်များပြားပြီး စစ်လက်နက်ရိက္ခာတို့ ပေးပို့သည့် လမ်းကြောင်းများလည်း ပြတ်တောက်နေကြောင်း၊ သို့ရာတွင် အမိန့်အရ အထက်အာဏာရှင် လူကြီးများ၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အလို့ငှါ အသက်အရှုံးခံပြီး ဆက်တိုက်ရှေ့သို့ စစ်ကြောင်းတိုးဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်လက်နက်ရိက္ခာများ အင်အားဖြည့်တင်းခြင်း၊ စစ်ကူတိုးခြင်းတို့ကိုလည်း လေကြောင်းမှတစ်ဆင့် အဆက် မပြတ်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှချပေးသည့် စစ်လက်နက်ပစ္စည်းများကို ဖယ်ခုံ PDFက ရရှိခဲ့ကြောင်း၊ PDFက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဘက်မှရှစ်ဦးကျဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ တိုက်ပွဲတွင် မိုးဗြဲမြို့ ဝှာရီဆူးပလိုင်ရွာနှင့် ဝီသဲကူးရွာတစ်ဝိုက်တွင် တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှလည်း ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဖော်ပြသည်။ ယင်းအနက် လွိုင်ကော် PDFမှ နှစ်ဦး ပါဝင်ပြီး ခွဲစိတ်ကုသမှုခံယူနေကြောင်း ထုတ်ပြန်သည်။

မိုးဗြဲဒေသတွင် စစ်ကောင်စီတပ်ကို လွိုင်ကော် PDF ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်(KNDF)၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ / JPDF စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ မိုးဗြဲတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။