Connect with us

Hi, what are you looking for?

News

ပူတာအိုတွင် ယနေ့နံနက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

“ ရှိန်ဂတ်ဘွမ်ဆိုတဲ့ အဲဒီနားတစ်၀ိုက်ကို KIA ရှိနေတယ်လို့ ခန့်မှန်းရတဲ့နေရာမှာ ဗုံးလာကြဲတာတဲ့ ” ဟု ၎င်းက စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းမှ တိုက်ခိုက်လာသည့် အခြေအနေကို ပြောပြသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအနီး ၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင် စီတပ်သည် နံနက် ၁၀နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒီနေ့မနက်က ၁၀မိနစ်လောက်ပဲ တိုက်ပွဲကဖြစ်တာ။ အသေအပျောက်တော့ မသိရသေးဘူး။ ဖြစ်တာက တန်ဂျာနဲ့လုံဂျာယန်ကြားမှာ”ဟု ဒေသခံက ပြောသည်။

အဆိုပါ ဒေသရှိ စစ်ကောင်စီတပ်စွဲရာ ရှိန်ဂတ်ဘွမ် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့က ဖေဖော်ဝါရီ ၁၈ရက်ကတည်းက တိုက်ခိုက်နေသည့်အပေါ် စစ်ကောင်စီက စစ်ကူအင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကူတပ်ကို KIA/PDFက ယနေ့နံနက်တွင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ ရှိန်ဂတ်ဘွမ်ဆိုတဲ့ အဲဒီနားတစ်၀ိုက်ကို KIA ရှိနေတယ်လို့ ခန့်မှန်းရတဲ့နေရာမှာ ဗုံးလာကြဲတာတဲ့ ” ဟု ၎င်းက စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းမှ တိုက်ခိုက်လာသည့် အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ရှိန်ဂတ်ဘွမ် တပ်စခန်းသည်ယခင်က KIAနေရာဖြစ်ပြီး စစ်တပ်က ၂၀၁၇တွင် ထိုးစစ်ဆင် နေရာယူထားသည့်အပေါ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIAကဆိုသည်။

Public Service Announcement

“ရှိန်ဂတ်ဘွမ် မှာကျတော့ လေးရက်လောက်ရှိပြီ ဖြစ်တာ။ ဒါပေမဲ့ အဲဒီ စခန်းကိုကျတော့ သိမ်းနိုင်ခြင်းမရှိသေးဘူး”ဟု ဒေသခံက ပြောသည်။

ယနေ့နံနက် တိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်အခြေအနေကို မသိရသေးသော်လည်း ကချင်သတင်းဌာနအချို့၏ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေအရ မြစ်ကြီးနား – ပူတာအို လမ်းကို ဖေဖော်ဝါရီ လကုန်အထိ ပိတ်မည်ဟု PDF တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပူတာအိုသတင်း(PNG)က ဖော်ပြသည်။

“လမ်းကြောအခြေအနေက ပိတ်ထားတယ်။ သွားရေးလာရေး တော်တော်လေးခက်နေတယ်။ ပြီးရင် စက်သုံးဆီ ခက်ခဲမှုတွေလည်းရှိနေတယ်”ဟု ဒေသခံက ပြောလသည်။

အဆိုပါ ဒေသရှိ ဆွမ်ပီယန်တပ်စခန်းကို KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။