Connect with us

Hi, what are you looking for?

LuduNwayOo

News

ပူတာအိုတွင် ယနေ့နံနက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

“ ရှိန်ဂတ်ဘွမ်ဆိုတဲ့ အဲဒီနားတစ်၀ိုက်ကို KIA ရှိနေတယ်လို့ ခန့်မှန်းရတဲ့နေရာမှာ ဗုံးလာကြဲတာတဲ့ ” ဟု ၎င်းက စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းမှ တိုက်ခိုက်လာသည့် အခြေအနေကို ပြောပြသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအနီး ၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင် စီတပ်သည် နံနက် ၁၀နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒီနေ့မနက်က ၁၀မိနစ်လောက်ပဲ တိုက်ပွဲကဖြစ်တာ။ အသေအပျောက်တော့ မသိရသေးဘူး။ ဖြစ်တာက တန်ဂျာနဲ့လုံဂျာယန်ကြားမှာ”ဟု ဒေသခံက ပြောသည်။

အဆိုပါ ဒေသရှိ စစ်ကောင်စီတပ်စွဲရာ ရှိန်ဂတ်ဘွမ် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့က ဖေဖော်ဝါရီ ၁၈ရက်ကတည်းက တိုက်ခိုက်နေသည့်အပေါ် စစ်ကောင်စီက စစ်ကူအင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကူတပ်ကို KIA/PDFက ယနေ့နံနက်တွင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ ရှိန်ဂတ်ဘွမ်ဆိုတဲ့ အဲဒီနားတစ်၀ိုက်ကို KIA ရှိနေတယ်လို့ ခန့်မှန်းရတဲ့နေရာမှာ ဗုံးလာကြဲတာတဲ့ ” ဟု ၎င်းက စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းမှ တိုက်ခိုက်လာသည့် အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ရှိန်ဂတ်ဘွမ် တပ်စခန်းသည်ယခင်က KIAနေရာဖြစ်ပြီး စစ်တပ်က ၂၀၁၇တွင် ထိုးစစ်ဆင် နေရာယူထားသည့်အပေါ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIAကဆိုသည်။

Public Service Announcement

“ရှိန်ဂတ်ဘွမ် မှာကျတော့ လေးရက်လောက်ရှိပြီ ဖြစ်တာ။ ဒါပေမဲ့ အဲဒီ စခန်းကိုကျတော့ သိမ်းနိုင်ခြင်းမရှိသေးဘူး”ဟု ဒေသခံက ပြောသည်။

ယနေ့နံနက် တိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်အခြေအနေကို မသိရသေးသော်လည်း ကချင်သတင်းဌာနအချို့၏ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေအရ မြစ်ကြီးနား – ပူတာအို လမ်းကို ဖေဖော်ဝါရီ လကုန်အထိ ပိတ်မည်ဟု PDF တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပူတာအိုသတင်း(PNG)က ဖော်ပြသည်။

“လမ်းကြောအခြေအနေက ပိတ်ထားတယ်။ သွားရေးလာရေး တော်တော်လေးခက်နေတယ်။ ပြီးရင် စက်သုံးဆီ ခက်ခဲမှုတွေလည်းရှိနေတယ်”ဟု ဒေသခံက ပြောလသည်။

အဆိုပါ ဒေသရှိ ဆွမ်ပီယန်တပ်စခန်းကို KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။