Connect with us

Hi, what are you looking for?

News

လောင်းလုံးတွင် ပျူ​စောထီး တစ်ဦးနှင့် နယ်ထိန်းရဲတစ်ဦးကို ​ဒေသခံPDFက ပစ်သတ်

နယ်ထိန်း စိုးနိုင်ဦး ဆိုသူကို မောင်းမကန်တောင်ဆင်း ရှုခင်းသာလမ်းကွေ့ တွင်​သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

(အသတ်ခံခဲ့ရ​သော ​နေမင်းထွန်း၏ဓါတ်ပုံနှင့် ၎င်း၏​ဖေစ့်ဘွခ်)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင်မဲရုံဗုံးခွဲခဲ့သဖြင့်​ထောင်ကျပြီး ပြန်လွတ်လာ​သောပျူ​စောထီးနှင့် နယ်ထိန်းရဲတစ်ဦးတို့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)က ယ​နေ့ သုတ်သင် ရှင်းလင်းခဲ့​ကြောင်းထုတ်ပြန်သည်။

(အသတ်ခံခဲ့ရ​သော ​နေမင်းထွန်း၏ဓါတ်ပုံနှင့် ၎င်း၏​ဖေစ့်ဘွခ်)

​သဘော့ဆိပ်ရွာပျူစောထီးခေါင်းဆောင် ဦးလေးလေး၏ တပည့်ဖြစ်ပြီး ၂၀၂၀​ရွေးကောက်ပွဲတွင် ပြင်ကြီးရွာမဲရုံ အမှတ် (၄)ကို ဗုံးခွဲမူကြောင့် ဖမ်းဆီးခံခဲ့ရသော်လည်း စစ်အုပ်စုကအာဏာသိမ်းပြီးနောက် ပြန်လည်လွတ်မြောက်လာ​ကာပျူ​စောထီးလုပ်​နေ​သော နေမင်းထွန်း(ခ) ကပ္ပလီကို ​လောင်းလုံဒေသခံကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲ၁၂ နာရီခွဲခန့်က သဘော့ဆိပ်ရွာဘုန်းကြီးကျောင်းအနီး၌ ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

​နေမင်းထွန်းသည် မဘသ အဖွဲ့ဝင် ၊ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး အာဏာသိမ်းစစ်​ကောင်စီက ​အသွင်​ပြောင်းဖွဲ့စည်း​ပေးထား​သောပျူ​စောထီးတစ်ဦးလည်းဖြစ်သည်။ ​နေမင်းထွန်းအသတ်ခံရပြီး​နောက် ၎င်း၏ အလောင်းကို ထားဝယ်တပ်နယ် ဆေးရုံကို သယ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ထိုအပြင် ယနေ့ ညနေ ၅နာရီခွဲခန့်တွင် လောင်းလုံးမြို့နယ်၊မောင်းမကန်ရဲစခန်းနယ်ထိန်းတစ်ဦးကိုလည်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DGRF)နှင့် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့က ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

နယ်ထိန်း စိုးနိုင်ဦး ဆိုသူကို မောင်းမကန်တောင်ဆင်း ရှုခင်းသာလမ်းကွေ့ တွင်​သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

သုတ်သင်ပြီးနောက်လက်ထိပ်၊တံဆိပ်တုံး၊ဆက်သွယ်ရေးဖုန်း(၂)လုံးအပါဝင်အမှုတွဲဖိုင်တချို့ကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။